ကုန်သွယ်မှုသတင်းများ
Hotayi Electronic သည် အလုပ်အကိုင်သစ် ၁၀၀၀ ဖန်တီးပေးနိုင်မည့် ပီနန်းပြည်နယ်ရှိ Smart စက်ရုံ တတိယအဆင့်တိုးချဲ့ရန်အတွက် ရင်းဂစ် သန်း ၅၀၀ သုံးစွဲသွားမည်ဟု သိရပါ သည်။ ထိုစက်ရုံသည် ကုမ္ပဏီ၏ Smart ကုန်ထုတ်လုပ်ခြင်းတွင် ဦးဆောင်မှုကို အားသစ်လောင်း ပေးနိုင်ရန် အဆင့်မြင့်အလိုအလျှောက်စက်အသုံးပြုမှုစနစ်၊ AI ဖြင့် အချက်အလက်စိစစ် လေ့လာ မှုနှင့် Internet of Things( IoT)လုပ်ငန်းစဉ်များအသုံးပြုရန် ဒီဇိုင်းဆွဲထားကြောင်း သိရပါသည်။ စက်ရုံ ပဏ္ဍပ်ချပွဲအခမ်းအနားတက်ရောက်ခဲ့သည့် ပီနန်းပ

၂၀၂၅ ခုနှစ်၏ ပထမ ၂ လတွင် ဗီယက်နမ်နှင့် စင်ကာပူကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ ၆.၅၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၏ ပထမ ၂ လထက် ၂၇.၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Enterprise Singapore (ESG) ၏ အဆိုအရ သိရပါသည်။ စင်ကာပူသို့ ၁၄ ခုမြောက်အကြီးမား ဆုံးတင်ပို့သူဖြစ်သည့် ဗီယက်နမ်သည် ယခုနှစ် ပထမနှစ်လတာကာလတွင် စင်ကာပူသို့ စင်ကာပူ ဒေါ်လာ ၁.၅၄ ဘီလီယံကျော်တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၃.၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် စင်ကာပူ ကုန်

အင်ဒိုနီးရှားသမ္မတ Prabowo Subianto သည် ရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်တင်ပြီး အလုပ်အကိုင်များဖန်တီးပေးရန် နိုင်ငံ၏ ပြည်နယ်တိုင်းတွင် အထူးစီးပွားရေးဇုန်(SEZ) များ တည်ထောင်ရန် စီစဉ်နေကြောင်း သိရပါသည်။ Prabowo က၎င်းတို့သည် ပြည်နယ်တစ်ခုတွင် SEZ တစ်ခုတည်ထောင်ရန်အလိုရှိကြောင်း နှင့် ထိုသို့လုပ်ဆောင်နိုင်ပါက နိုင်ငံတွင် SEZ ၃၈ ခု ပိုင်ဆိုင်မည်ဖြစ်ကြောင်း ဗဟိုဂျာဗား Batang ဒေသရှိ Batang Industropolis SEZ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ထိုSEZ တွင် ကုမ္ပဏီ ၇

တရုတ်-အင်ဒိုနီးရှားငှက်သိုက်ကုန်သွယ်ရေးညီလာခံသည် နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းရှင်များကြား ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန် ဗျူဟာမြောက်ပလက်ဖောင်း တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ အင်ဒိုနီးရှား ကုန်သွယ်ရေး ဝန်ကြီး Budi Santoso က ၎င်း၏ ဝန်ကြီးဌာနသည် အင်ဒိုနီးရှား၏စားသုံး၍ရသော ငှက်သိုက် တရုတ်သို့ တင်ပို့မှုမြှင့်တင်ရန်အားထုတ်မှုများကို ပံ့ပိုးပေးမည်ဟု သိရပါသည်။ အင်ဒိုနီးရှားသည် ကမ္ဘာ့အကြီးဆုံး အကောင်းဆုံးငှက်သိုက်များထုတ်လု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဖရဲသီးအများအပြားရောင်းချလျက်ရှိပါသည်။ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဆောင်းစပါးစိုက်ပျိုး၍မရသော မြေပေါ်တွင် ကိုင်းသီးနှံအဖြစ် ဝါးဒူး ကျေးရွာ နှင့် ကျောင်းကုန်းဒေသဘက်မှ အများဆုံးစိုက်ပျိုးကြပြီး ယိုးဒယားဖရဲသီးနှင့် မြန်မာဖရဲသီးဟူ၍ ရောင်း ချလျက်ရှိပါသည်။ ယိုးဒယားဖရဲသီးမှာ မျိုးစေ့ကိုယူ၍ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။
