ကုန်သွယ်မှုသတင်းများ

Powered by Drupal
02 Dec 2024

    ဗီယက်နမ်နိုင်ငံ၏ ယခုနှစ်ဆန်တင်ပို့မှုသည် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဆန်တန်ချိန် ၈ ဒသမ ၀၅ သန်း အထိ ရောက်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၅ ဘီလီယံ ရှိလာခဲ့ကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာနက ဖော်ပြပါသည်။

02 Dec 2024

    မလေးရှားစားအုန်းဆီဈေးနှုန်းများသည် ပြိုင်ဘက် ပဲပုပ်ဆီ ဈေးနှုန်းများ ခိုင်မာကောင်းမွန် ခြင်းနှင့် မလေးရှားတွင် ထုတ်လုပ်မှုကျဆင်းခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ ဒုတိယပိုင်းအချိန် အရောင်းအဝယ်ပြုကြရာ၌ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း Reuters ၏ ဖော်ပြချက်ကို Business Recorder သတင်းဌာနက ၂၇-၁၁-၂၀၂၄ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။ 

02 Dec 2024

    ကမ္ဘောဒီးယားနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးလျက်ရှိသော ဆန်စပါးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ဆန်ပိုမိုတင်သွင်းရန်အတွက် တီမောလက်စ် သံအမတ်ကြီး Ermenegildo Kupa Lopes အား နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဖနွမ်းပင်မြို့၌ လက်ခံတွေ့ဆုံရာတွင် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်က အဆိုပြုကမ်းလှမ်းခဲ့သည်။

02 Dec 2024

     သီရိလင်္ကာနိုင်ငံတွင်  စားသုံးသူများ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ဆန်ထုတ်လုပ်မှု လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အစိုးရ၏ ကြိုးပမ်းမှုများအနက် တစ်ခုအနေဖြင့် Nadu အမျိုးအစား ဆန်တန်ချိန် ၇၀၀၀၀ ကို တင်သွင်းသွားမည်ဟု ကူးသန်းရောင်းဝယ်မှု၊ စားနပ်ရိက္ခာဖူလုံမှုနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Wasantha Samarasinghe က ကြေညာခဲ့ကြောင်း သိရှိရပါသည်။

02 Dec 2024

   အိန္ဒိယနိုင်ငံတွင် ၂၀၂၄-၂၅ သီးနှံရာသီနှစ်အတွင်း စိုက်ပျိုးထားရှိမှုမှ ထွက်ရှိသည့် ပဲစင်းငုံအသစ်များသည် ပမာဏအားဖြင့် နည်းပါးနေသေးသော်လည်း မဟာရဋ္ဌ၊ ကာနာတကာနှင့် တဲလန် ဂါနာ ပြည်နယ်များ၌ စတင်ဈေးကွက်ဝင်ရောက်လာပြီဖြစ်ပြီး စိုက်ပျိုးရာနယ်မြေဒေသ အသီးသီးတွင် ရင့်မှည့်မှုအခြေအနေ ကွဲပြားခြားနားချက်အရ ရှေ့လာမည့် ရက်သတ္တပတ် ၂ ပတ်ခန့်မှသာ အင်အားအပြည့်အဝဖြင့် ရိတ်သိမ်းထွက်ရှိမည်ဖြစ်ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

Pages