ငါန်းဇွန်မြို့နယ်၏ နိုဝင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

              ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၇၉၀)ကျပ်၊ 95 Octance(၂၈၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၄၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၈၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

           စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၁-၁၁-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၇၁၅)ကျပ်၊ 95 Octance(၂၇၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၁၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေး များသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၁၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၅)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၁၀) ကျပ်တို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။   

DOCA(မန္တလေး)