
မန္တလေးစျေးကွက်သို့ နတ်တော်လဆန်းအတွင်း မယ်ဇလီးဖူးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မယ်ဇလီပင်များမှာ အများဆုံးတွေ့ရှိရသည့် အပင်များဖြစ်ပြီး၊ အညာဒေသနှင့် ခွဲခြား၍မရသည့်ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။ မယ်ဇလီးဖူးများအား အစိမ်းအတိုင်းရောင်းချခြင်းနှင့် ပြုတ်၍ရောင်းချခြင်းတို့ တွေ့ရှိရပြီး၊ နှစ်မျိုးစလုံးအရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလ စတုတ္ထပတ်အတွင်း မန္တလေးစျေးကွက်အတွင်း မယ်ဇလီးဖူးများအား လက္ကားစျေးတစ်ပြည်စျေးမှာ ၄၅၀၀ကျပ်နှင့် ၅၀၀၀ ကျပ်၊ လက်လီစျေးတစ်ဗူးလျှင် ၆၀၀ ကျပ်နှင့် ၈၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
