ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် သစ်ကိုအခြေခံ၍ အနုပညာလက်မှုပစ္စည်းပြုလုပ်သောလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်း(၁)ခုရှိပါသည်။ ကုန်ကြမ်းအနေဖြင့် သစ်မာမျိုးစုံဖြစ်သည့် ကုက္ကို၊ ဘင်ဂ၊ ပိတောက်သားများကိုအသုံးပြု၍ ထုတ်လုပ်ကြောင်းသိရှိရပါသည်။ လုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်သား (၁၅)ဦးခန့်အသုံးပြုပြီး တစ်ရက်လုပ်အားခငွေကို ပုတ်ပြတ် ၁၀၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိပေးချေရကြောင်းသိရှိရပါသည်။ ပန်းပု၊ ပန်းပွတ် အနုပညာပစ္စည်းများပြုလုပ်ရာတွင် သစ်သားကို လွှပိုင်းဖြင့်သော်လည်းကောင်း၊ ခ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ဒေသထွက်ကုန် ရှောက်သီးမှထုတ်လုပ်သည့် ရှောက်ပျားရည်နှင့် ရှောက်သီးဆေးပြားသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသထွက် အိမ်ပြန် လက်ဆောင်အနေဖြင့် ဈေးကွက်အတွင်း တဖြည်းဖြည်းဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ရှောက်ပျားရည်ထုတ်လုပ်ရန် ကုန်ကြမ်းဖြစ်သော ရှောက်သီးကို နီးစပ်ရာမြို့ဖြစ်သော ရွှေကျင်၊ ရှောက်ခြံများမှ အဓိကဝယ်ယူပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီလင်းမြို့တို့ရှိ ရှောက်ခြံများမှလည်း ကုန်ကြမ်းလိုအပ်လျှင် လိုအပ်သလောက်ဝယ်ယူရပြီး ရှောက်သီးတစ်လုံးလျ

ရွှေဘိုခရိုင်အနေဖြင့် စပါးကိုအဓိကစိုက်ပျိုးကြသော်လည်း မိုးကောင်းတောဒေသများတွင် ပဲ၊ ပြောင်း သီးနှံများကိုစိုက်ပျိုးကြရာ ၂၀၂၃-၂၀၂၄ခုနှစ်မိုးသီးနှံတွင် အစေ့ထုတ်ပြောင်း(၃၈၂၅)ဧက စိုက်ပျိုးကြောင်း၊ အစေ့ထုတ်ပြောင်းကို ပဲစဉ်းငုံနှင့် သီးညှပ်သော်လည်းကောင်း၊ သီးသန့် သော်လည်းကောင်းစိုက်ပျိုးကြပြီး ဇွန်လတွင်စတင်စိုက်ပျိုး၍ စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ(၅၄)တင်းခန့် ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ရွှေဘိုမြု့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်းသိရသည်။

ရွှေဘိုခရိုင်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၌ မိုးမြေပဲကို (၇၃၉၀၅)ဧကစိုက်ပျိုးပြီး တစ်ဧကလျှင် (၄၂)တင်းခန့်ထွက်ရှိကြောင်း၊ မိုးမြေပဲကို ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ မြေပဲလုံးဆန်များမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၃၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀)တင်း/ (၁၀)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခ
