မန္တလေးစျေးကွက်တွင် ဂဗ္ဗလာသီးစျေးကျဆင်း

Powered by Drupal

        မန္တလေးစျေးကွက်သို့   နတ်တော်လဆန်းတွင်  မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့် ဂဗ္ဗလာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့်၂၅၀၀ ကျပ်၊ အလုံး (လတ်)၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ဖြင့်ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ဂဗ္ဗလာသီးများ အားအသီးအတိုင်းစားသုံးခြင်းနှင့် ကျမ္မာရေးဓါတ်စာဖျော်ရည်အဖြစ် စားသုံးခြင်းတို့ကြောင့် စျေးကွက် အတွင်းအရောင်း သွက်လျက်ရှိကြောင်း ရှမ်းစျေးရှိသစ်သီးရောင်းချသူ တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)