ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နိုဝင်ဘာ(ဒုတိယပတ်)တွင် ပဲတီစိမ်းသေး (ခေါ်) ပဲနှောက်သီးနှံများ ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)မှစ၍ ပဲနောက်သီးနှံအသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနိုဝင်ဘာလ (ဒုတိယပတ်)တွင် လှိုင်လှိုင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်း (ခေါ်) ပဲနှောက်သီးနှံသည် တစ်နှစ်လျှင် မိုး

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ ဈေးကွက်သို့ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများအပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်နီကုန်ဆုံးရာသီချိန်ရောက်ရှိ၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းလာကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန်ပိဿာ (၃)သောင်း၊ တစ်ပတ်အတွင်း ပိဿာ(၂)သိန်းခန့် ဈေးကွက်သို

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ ကျောက်တန်းကျေးရွာတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းသီးကို တစ်ရာသီလုံး မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုရာသီတွင် စိုက်ဧက (၉) ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ဖန်ခါးပင်၊ စစ်တလင်း၊ ကွင်းကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ စပါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည့် သီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံစိုက်ဧက (၁၅၀) ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့အဓိကစိုက်ပျိုးထွက်ရှိရာ အပူပိုင်းဒေသတစ်ခုဖြစ်ပြီး အခြားဒေသများမှထွက်ရှိသည့် သစ်သီးဝလံများကို ဝယ်ယူစားသုံးရကြောင်း၊ မကွေးမြို့တွင် ပုပ္ပါးဒေသထွက်မာလကာသီးများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းသွက်လျက်ရှိကြောင်းသိရသည်။
