ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Nov 2024

         ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာတွင် ကိုင်းကျွန်းမြေများ၌ ခရမ်းသီးများကို နှစ်စဉ်စိုက်ပျိုးကြခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးလျက်ရှိကြောင်း ခရမ်းသီးစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ယခုအချိန်တွင် ကျွန်းခရမ်းသီးများကို စတင်စိုက်ပျိုးချိန်ဖြစ်သည်။ ကျွန်းခရမ်းသီးများမှာ ထောပတ်သီးမျိုး၊ စိမ်းကြားမျိုးဟူ၍ နှစ်မျိုးရှိသည်။ ဝါဆိုလကုန် မြစ်ရေကျချိန်တွင် ကိုင်းကျွန်းမြေများကိုပြုပြင်ပြီး ခရမ်းသီးမျိုးစေ့များကိုစတင်ပျိုးထောင်ကြပါသည်။ ခရမ်းသီးမျိုးပင်များကို (၀.၇၅)ဧကလျှ

21 Nov 2024

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေပြု၍ ဒေသစီးပွားဖြစ်လုပ်ကိုင်ကြရာ မြို့နယ်အတွင်းရှိ စိုက်တောင်သူများသည် ကြက်သွန်နီသီးနှံကို အဓိကအားထားစိုက်ပျိုးကြသည်။ သီးနှံမျိုးစုံအနက် ကြက်သွန်နီ မိုးစိုက်၊ ဥစိုက် စိုက်ပျိုးမှုကိုလည်း နှစ်စဉ်မပြတ်စိုက်ပျိုးပြီး ကိုင်းကျွန်းမြေမာများတွင် စိုက်ဧက(၉၀၀)ခန့်စိုက်ပျိုးကြောင်းသိရှိရသည်။ အစေ့ပက်ပျိုးပင်မှရရှိသော ဇော်မွှားမျိုးဥကို စိုက်ပျိုးကြောင်းသိရှိရသည်။ တောင်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး နွား

21 Nov 2024

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် နွေနှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများ၊ အခြားမြို့နယ်များမှ နွေနှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ် (၃၀၀-၄၀၀)ဝင်ရောက်၍ တစ်ပတ်အတွင်း အိတ်(၂၀၀၀)ခန့်ဝင်ရောက်ကြောင်း၊ နှမ်းဖြူနှင့် နှမ်းနက်(စမုန်)နှစ်မျိုးမှာ အများဆုံးအရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။

21 Nov 2024

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များသည် စိုက်ပျိုးရေးကိုအခြေခံပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံ ဘူးပင်စိုက်ပျိုးရေးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုမှ ဒေ စီးပွားဖြစ် စိုက်ပျိုးမှုများလာကြောင်းသိရှိရသည်။ ပခုက္ကူမြို့နယ်အတွင်းရှိ ဘောလုံးခုံ၊ လိပ်ကုန်း၊ ဘွက်ကုန်း၊ သင်္ဘောကုန်း၊ ညောင်လှ၊ သံပုရာပင်ကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကျေးရွာများတွင် ဘူးသီးသီးနှံကို အများဆုံးစိုက်ပျိုးကြသည်။

21 Nov 2024

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကျေးရွာတွင် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထားပြီး သီးနှံမျိုးစုံစိုက်ပျိုးခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးလျက်ရှိသည်။ ရွာသစ်ကျေးရွာတွင် နှစ်စဉ် ကုန်စိမ်းသီးနှံ ကြက်သွန်နီ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံ မိုးမြေပဲကို စိုက်ဧက(၃၅)ဧကခန့် ကုန်းယာမြေများတွင် စိုက်ပျိုးထားကြောင်းသိရှိရသည်။

Pages