ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Nov 2024

               မွန်ပြည်နယ်သည်ကျွဲကောသီးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်ပါသည်။ ကျွဲကောသီးအများဆုံးထွက်ရှိသော မြို့နယ်များမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မုဒုံ၊ မော်လမြိုင်မြို့နယ်များဖြစ်ပြီး ယခု နိုဝင်ဘာလ တတိယအပတ်တွင် ဖြစ်ပေါ်နေသော ကျွဲကောသီးဈေးနှုန်းများမှာ ပန်းရောင်ကျွဲကောသီး(အကြီး) ၂ကီလိုအထက် ၅၀၀၀ကျပ်၊ ပန်းရောင်ကျွဲကောသီး(အလတ်) ၂ကီလို ၄၀၀၀ ကျပ်၊ ပန်းရောင်ကျွဲကောသီး(အငယ်) ၂ကီလိုအောက် ၃၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ(အကြီး) ၂ကီလို ၄၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ (အငယ်) ၁.၅ကီလို ၂၀၀၀ ကျပ်ဖြစ်ပေ

21 Nov 2024

              ရာသီအလိုက်ပေါ်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည့် မုန်လာဥဖြူသည် ချဉ်ရည်ဟင်း၊ မုန်လာဥကြော်၊ မုန်လာဥပြုတ် အစရှိသဖြင့် အမျိုးမျိုးချက်ပြုတ်စားသောက်၍ရသော မုန်လာဥဖြူသည် ယခုအချိန်တွင် ပေါများစွာရရှိနေပြီဖြစ်ကြောင်းသိရပါသည်။

21 Nov 2024

            ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကြံနှစ်ကောင်အမှတ်တံဆိပ် ဘိလပ်မြေ (၁) အိတ်လျှင် ကျပ် (၁၅၀၀၀)၊ ထိုင်းဆင်အမှတ်တံဆိပ်ဘိလပ်မြေမှာ ပစ္စည်းပြတ်နေပြီး၊ Alpha အမှတ်တံဆိပ်ဘိလပ်မြေ (၁) အိတ်လျှင် ကျပ် (၁၂၀၀၀)၊ Alphacy အမှတ်တံဆိပ် ဘိလပ်မြေ (၁) အိတ်လျှင် ကျပ် (၁၁၈၀၀) ရှိကြောင်း သိရှိရပါသည်။

21 Nov 2024

                 ကန်ကြီးထောင့်မြို့နယ်၊ မြို့မဈေး ရာသီအလိုက်ပေါ်သည့် ဟင်းသီးဟင်းရွက်၊ အသား၊ ငါးများရောင်းချလျက်ရှိသည့် ကုန်စိမ်းဈေးကြီးဖြစ်ပါသည်။ ယခုအခါတွင် ပိန်းဥများပေါ်နေပြီး ရောင်းချနေကြောင်းသိရသည်။

              ပိန်းဥမှာ ပေါ်ခါစက တစ်တပိဿာလျှင် ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ် အထိရှိသော်လည်း ယခုနိုဝင်ဘာလ ပထမပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းကြောင်းနှင့် ရောင်းအားကောင်းကြောင်း ပိန်းဥရောင်းချသူများထံမှ သိရှိရပါသည်။

21 Nov 2024

               ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ ယခုအပတ်အတွင်း အနည်းငယ်ပြန်လည်ကျဆင်းလာကြောင်းတွေ့ရှိရပါသည်။ ယခင်လများတွင် ကြက်သွန်နီဈေးနှုန်းမှာ (၁) ပိဿာလျှင် ၅၅၀၀ ကျပ် မှ ၆၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး၊ ယခု နိုဝင်ဘာလဒုတိယအပတ်တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်းလာပြီး (၁) ပိဿာလျှင် ၄၀၀၀ ကျပ် မှ ၄၂၀၀ ကျပ် ပြန်လည်ကျဆင်းသွားကြောင်း သိရှိရပါသည်။

Pages