ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Nov 2024

         မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုး၍ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး  မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

21 Nov 2024

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများရောင်းချလျက်ရှိပါသည်။

21 Nov 2024

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များသည် ဆန်ကို သက်သာသောနှုန်းထားဖြင့် ဗွီနိုင်းချိတ်ဆွဲရောင်းချနေခြင်းကို ဇွန်လ (၂၄)ရက်နေ့မှစတင်ရောင်းချခဲ့ရာ ယနေ့အထိ နေ့စဉ်အကန့်အသတ်မရှိဘဲ ဝယ်ယူလိုသည့်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါသည်။ ယနေ့ (၁၈-၁၁-၂၀၂၄)ရက်နေ့တွင် ဆန်စက်နှင့် ဆန်ဆိုင် (၁၆)ခုတို့မှ ဆန်အိတ်(၂၉)အိတ်၊ လူဦးရေ (၃၄၈)ဦးအားရောင်းချပေးပြီးဖြစ်ပါကြောင်းနှင့်  လိုသလောက် သက်သာသောဈေးနှုန်းဖြင့် ဆန်ကုန်သည်များအနေဖြင့် ရောင်းချပ

21 Nov 2024

               ၂၀၂၄ ခုနှစ်၊ မိုးအကုန်ဆောင်းအကူး နိုဝင်ဘာလတွင် ကရင်ပြည်နယ်ဒေသထွက် လောင်စာမီးသွေး ဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်း သတင်းရရှိသည်။                                                

21 Nov 2024

         ဘူးသီးသည် မြန်မာ့ခြံထွက် သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။ တောင်ငူမြို့အနီးရှိ ကျေးရွာများတွင် ဘူးပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများ အပိုဝင်ငွေရရှိကြပါသည်။ ယခုအခါတွင် ဘူးသီးများလှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ တောင်ငူမြို့ပေါ်ရှိဈေးများတွင် ရောင်းချလျက်ရှိနေပါသည်။

Pages