
မိတ္ထီလာဈေးကွက်တွင် အုန်းသီးဈေးငြိမ်နေပြီး၊ အရောင်းအဝယ်ပုံမှန်ရှိကြောင်းသိရသည်။ မိတ္ထီ လာမြို့မဈေးကြီးသို့ နှစ်ရက်သုံးရက်ခြားလျှင် အခွံချွတ်ပြီး ၊ အုန်းသီးအလုံး (၁၀၀၀) ခန့်နှင့် ပွဲဝင်အုန်း သီးအလုံး (၅၀၀-၁၀၀၀) ထိ ရန်ကုန်မှ ဝင်ရောက်ကြောင်းလက္ကားဒိုင်မှ သိရသည်။ အုန်သီးအခွံချွတ်ကို မုန့်ပဲသရေစာအနေနှင့်အသုံးပြုရာ အုန်း၊သကြားပေါက်စီသမားများနှင့် အုန်းသီးကြော်ပြုလုပ်သူများ က ဝယ်ယူမှုများပြီး၊ ပွဲဝင်အုန်းသီးကတော့ အလှူမင်္ဂလာကန်တော့ဖွဲ့များအပြင် အိမ်တွင်းအုန်း ကန်တော့ပွဲများက အဝယ်များကြောင်းသိရသည်။ ဈေးကွက်တွင် ပွဲတင်အုန်းသီးကို ယခုအခါ မင်္ဂလာပွဲများက အဝယ်များကြောင်းနှင့် ဈေးငြိမ်နေသော အုန်းသီးဈေးမှာ အခွံချွတ်တစ်လုံးလျှင် အလုံးကြီး / သေးပေါ်မူတည်၍ (၃၅၀၀-၅၀၀၀) ကျပ်၊ ပွဲဝင်အုန်းသီးမှာ (၆၀၀၀-၇၀၀၀) ကျပ် ဈေးရှိကြောင်း သိရသည်။
DOCA(မန္တလေး)
