ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကိုစိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများမှာ ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာလတတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၄၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၇၇၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ကြောင်လျှာသီး သီးနှံဈေးကွက်မှာ ဈေးနှုန်းမြင့်တက်နေကြောင်း ကြောင်လျှာသီးဝယ်ယူရောင်းချနေသူ ထံမှသိရပါသည်။ ကြောင်လျှာသီး ဈေးကွက်အတွင်းတွင် အသီးနုသာမက အသီးရင့်များကိုပါ ဝယ်ယူမှုများရှိကြောင်း သိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့အတွင်းရှိကျေးရွာများတွင် ကလားဝါးဥ (ခေါ်) ဝါးဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ယခုအချိန် နိုဝင်ဘာလတွင် ဝါးဥရာသီချိန်ဖြစ်၍ ဝါးဥများစတင်ထွက်ရှိနေပြီ ဖြစ်ပြီး မြို့နယ်ဈေးကွက်အတွင်း ဝါးဥတစ်ပိဿာလျှင် ငွေကျပ် (၃၈၀၀)၊ ၂၅ ကျပ်သားလျှင်ငွေကျပ် (၁၀၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိရာ စားသုံးသူများကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။

လူတို့သည် သံပုရာသီးကို နေ့စဉ်တစ်မျိုးမဟုတ်တစ်မျိုး စားသုံးကြပါသည်။ သံပုရာသီးကို ကျန်းမာရေးအရအသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ သံပုရာသီးကို ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် တော်တော်များများစိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင်ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ သံပုရာ

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။
