ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ ဘုရင့်နောင်ဈေးရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသောထောပတ်သီးများမှာ ယခင်ကာလထက် ဈေးနှုန်းကျဆင်းလျက်ရှိပါသည်။ အလုံးအရွယ်အစားပေါ်မူတည်၍ ယခင်က တစ်လုံးလျှင် အသေး ၈၀၀ကျပ်၊ အလတ် ၁၁၀၀ကျပ်နှင့် အကြီး ၁၆၀၀ကျပ်အထိရှိခဲ့ပါသည်။

တောင်ငူမြို့၊ စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းဆုံရာ အနီးတဝိုက်ကျေးရွာများတွင် မိုးအကုန်ကာလမှစ၍ ဟင်းသီးဟင်းရွက်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် မုန်ညင်းနှင့်မုန်လာများပေါ်နေပြီဖြစ်၍ ညောင်ပင်ဈေးတွင် ရောင်းချလျက်ရှိနေပြီဖြစ်ပါသည်။

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် အခြေခံစားသောက်ကုန်များဖြစ်သော ခရမ်းချဉ်သီးနှင့် ကြက်သွန်ဖြူ/နီများမှာ ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။ ကြက်သွန်နီ/ဖြူများမှာ အောက်တိုဘာလကုန်မှစ၍ မြင့်တက်လျက်ရှိပြီး ခရမ်းချဉ်သီးမှာ နိုဝင်ဘာလ၊ ပထမအပတ်ကုန်မှစ၍ ဈေးနှုန်းမြင့်တက်လာပါသည်။

အုန်းပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး နေရာဒေသမရွေးစိုက်ပျိုး၍ လွယ်ကူသည့်အပင်မျိုးဖြစ်ရာ ဖြူးမြို့တွင်လည်း အိမ်ခြံဝင်းများ၌ အုန်းပင်များကိုစိုက်ပျိုးကြပါသည်။ အုန်းသီးသည် မြန်မာ့ရိုးရာမုန့်များတွင် မပါမဖြစ်သကဲ့သို့ မြန်မာ့ရိုးရာကိုးကွယ်သည့် ဘုရားပွဲ၊ နတ်ပွဲများ၊ အလှူတော်မင်္ဂလာပွဲများတွင် အုန်းသီးသည် မပါမဖြစ်သည့် ပွဲတင်သစ်သီးဖြစ်ပါသည်။

ဖရုံသီးကိုစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပြီး ကောင်းကျိုးများစွာရရှိစေပါသည်။ ဖရုံသီးတွင် ဗီတာမင်အေ၊ ဘီကွန်ပလက်၊ စီနှင့်အီး၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လဆီယမ်၊ မဂ္ဂနီစ်၊ သံဓာတ်၊ ဇင့်ဓာတ်၊ ကြေးနီနှင့် အခြားဓာတ်တိုးများပါဝင်ပါသည်။ ဖရုံသီးကိုစားသုံးခြင်းဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုသည်။ မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ ခုခံနိုင်စွမ်းတိုးစေခြင်း၊ အစာခြေစနစ်ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်လျှော့ချရန် ကူညီပေးနိုင်ခြင်း၊ အရေပြားကျန
