ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Nov 2024

         ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် နိုဝင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော ကြံခင်းမှ ထန်းမြစ်အစည်းကြီးတစ်စည်းလျှင်ကျပ်၃၅၀၀၊ အလတ် ကျပ်၃၀၀၀၊ ရဲမွန်တပ်မြို့ မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ်၈၀၀၀၊ အလုံးလတ် ကျပ်၅၀၀၀၊ အလုံးသေး ကျပ်၃၀၀၀၊ အင်းမမှ ဖရဲသီး (၈၅၅) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၀၊ အလုံးလတ် ကျပ်၁၈၀၀၀၊ အလုံးသေး ကျပ်၁၅၀၀၀၊  တောင်ကြီးမှ ထောပတ်သီးတစ်လုံးဈေးနှုန်းမှာ အလုံးကြီး ကျပ်၁၀၀၀၊ အလုံးသေး ကျပ်၅၀၀၊ အောင်ပန်းမှ လိမ္မေ

22 Nov 2024

            နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် ရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥစျေးနှုန်းများမှာ နိုဝင်ဘာလပထမအပတ်တွင် ကြက်ဥအကြီးတစ်လုံးလျှင်(၄၅၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၃၈၀)ကျပ်အထိရှိပြီး၊ ဘဲဥအကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင်(၄၅၀)ကျပ်၊ ငုံးဥတစ်လုံးလျှင်(၁၀၀)ကျပ်၊ ဆေးဘဲဥတစ်လုံးလျှင်(၇၀၀)ကျပ်အထိရှိပြီး နိုဝင်ဘာလ ဒုတိယအပတ်တွင် ကြက်ဥအကြီးတစ်လုံးလျှင် (၅၅၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၅၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင်(၄၈၀)ကျပ်၊ ဘဲဥအကြီးတစ်လုံးလျှင်(၆၀၀)ကျပ်၊ အလုံးလတ်တစ်လု

22 Nov 2024

         ကနေဒါတွင် ရေအားလျှပ်စစ်ထုတ်လုပ်မှုလျှော့ချခြင်းနှင့် အမေရိကန်တွင် သဘာဝဓာတ်ငွေ့ဈေးနှုန်းများနိမ့်ကျခြင်းကြောင့် ကနေဒါသို့ အမေရိကန်လျှပ်စစ်ဓာတ်အားတင်ပို့မှု သည် ၂၀၂၃ခုနှစ်မှစ၍ ခုန်တက်သွားခဲ့ကြောင်း US Energy Information Administration (EIA) ၏ ခန့်မှန်းချက်အရသိရသည်။ အမေရိကန်နှင့် ကနေဒါတို့သည် ဆယ်စုနှစ်များအတွင်း အပြန်အလှန်လျှပ်စစ်ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများဖြစ်ခဲ့ကြပြီး ပြီးခဲ့သောဆယ်စုနှစ်နှစ်ခုအတွင်း ကနေဒါနိုင်ငံမှ လျှပ်စစ်ဓာတ်အားတင်သွင်းသည်ထက် အမေရိကန်သို့ လျှပ်စစ

22 Nov 2024

               ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကွမ်းကိုစီးပွားဖြစ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ ကွမ်းစိုက်သူများအနေဖြင့် ကွမ်းခြံစိုက်မည့်နေရာကို နွားချေး၊ မြေဆွေးများထည့်ကာ မြေပြုပြင်ပေးရသည်။ အမြင့်(၄)လက်မနှင့် အကျယ်(၂)ပေရှိဘောင်များ ပြုလုပ်ပေးရသည်။ ကွမ်းခြံတစ်ပိုင်တစ်နိုင်စိုက်သူများအနေဖြင့် ပေါက်ပြားဖြင့်ကွမ်းဘောင်များ ပြုလုပ်ပေးရသည်။ ကွမ်းခြံဆောက်လုပ်ရာတွင် ဝါးလုံးအကြီးများကိုတိုင်အဖြစ်အသုံးပြုပြီး ကွမ်းစိုက်တိုင်များကိုလည်း ဝါးလုံးအသေးများဖြင့်လည်းက

22 Nov 2024

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲထွက်တိုးတစ်တင်းလျှင် (၉၃၀၀၀)ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် (၈၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင

Pages