
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသော သစ်သီးဆိုင်များတွင် Hassထောပတ်သီးနှင့် ယာကွန်ဥ(ခေါ်)ရေကန်စွန်းဥများကို အများအပြား ရောင်းချနေကြကြောင်း သိရသည်။ Hassထောပတ်သီးနှင့် ယာကွန်ဥ(ခေါ်)ရေကန် စွန်းဥများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာ ယူရောင်းချလျက်ရှိကြောင်း သိရသည်။
Hassထောပတ်သီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာပြုသော အသီးဖြစ် သောကြောင့် အဖျော်ရည်ပြုလုပ်၍ကာ သရေစာအဖြစ်လည်းစားသုံးကြကြောင်း၊ ယာကွန်ဥ (ခေါ်)ရေကန်စွန်းဥသည် အရည်ရွှမ်း၍ ပန်းသစ်တော်သီးအရသာနှင့်တူပြီး ခန္ဓာကိုယ်အတွက် အထောက်အကူပြုကာ ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာရှိသောကြောင့် လူကြိုက်များပြီး သရေစာ အဖြစ် လူကြီးလူငယ်မရွေးဝယ်ယူစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ် အတွင်း Hassထောပတ်သီးဈေးနှုန်းမှာ Hassထောပတ်သီး(1)kgလျှင် (၆၅၀၀)ကျပ်၊ ယာကွန်ဥ (ခေါ်)ရေကန်စွန်းဥ(၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ယာကွန်ဥ (ခေါ်)ရေကန်စွန်းဥ(၅၀)ကျပ်သား လျှင်(၇၅၀၀)ကျပ်ဖြင့်ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
