ကုန်သွယ်မှုသတင်းများ
လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးတန်ပိဿာချိန် ၇၄,၀၀၀ ထိ တင်ပို့၍ ရောင်းချ နိုင်ခဲ့ကြောင်းသိရှိရပြီး အဆိုပါရောင်းချနိုင်မှုသည် မြန်မာနိုင်ငံ၏ ရေထွက်ကုန်ထွက်ရှိမှု တိုးတက် လာခြင်း နှင့်အတူ စီးပွားရေးကဏ္ဍအတွင်း ရေထွက်ကုန်များအတွက် စျေးကွက်တိုးချဲ့မှုသည် အရေးပါ ကြောင်း ထင်ရှားစွာ ပြသနေပါတယ်။ ဤအောင်မြင်မှုသည် နိုင်ငံအတွင်း ရေထွက်ကုန်လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်တွင်းဈေးကွက်တွင် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှုကိုလည်း ပြသ နိုင်ခြင်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ကုလားပဲအရောင်းအဝယ် လှုပ်ရှားမှု ကောင်းမွန်လာနေသည်ဟု သိရှိရပါတယ်။ ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်အရ၊ ပြည်တွင်း၌ ပဲစားသုံးမှုအားကောင်းလာတာကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်မှစ၍ ပဲအဝယ်အရောင်းလုပ်ငန်းက ကောင်းလာတယ်လို့လည်း သိရှိရပါတယ်။ လက်ရှိ အရောင်းအဝယ်လုပ်နေသော ကုလားပဲများသည် လက်ကျန်ပဲအဟောင်းများဖြစ်သော်လည်း ဈေးကွက် ထဲမှာ လိုအပ်ချက်ရှိနေတာကြောင့် ကုလားပဲဟာ စျေးကောင်းရနေပါတယ်။ ယခုလို အခ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ရှိ ပင်လယ်ငါးခြောက် လုပ်ငန်းများတွင် ယခုကာလ အတွင်းဝယ်လိုအား တိုးလာမှုကြောင့် အရောင်းအဝယ်လုပ်ငန်း ကောင်းမွန်နေသည်ဟု သိရပါတယ်။ ရန်ကုန်ဈေးကွက်မှ အဓိကဝယ်ယူမှု တက်လာခြင်းကြောင့် ပင်လယ်ငါးခြောက် မျိုးစုံအရောင်းအဝယ် တိုးလာနေပြီး၊ တစ်ရက်လျှင် ပိဿာ ၅၀၀ မှ ၂၅၀၀ အထိ အရောင်းအဝယ် ဖြစ်ပွားနေသည်ဟု ငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်သူများထံမှ သိရှိရပါတယ်။

ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် နှမ်းသီးနှံကို ဆောင်းနှမ်း၊ မိုးနှမ်း အစရှိသဖြင့် ရာသီအလိုက် စိုက်ပျိုးကြပြီး ဆောင်နှမ်းကို စက်တင်ဘာ၊ အောက်တိုဘာလ များတွင် စိုက်ပျိုးကာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလ များတွင်ထွက်ရှိပါသည်။ မိုးနှမ်းကို မေလ၊ ဇွန်လ များတွင်စတင်စိုက်ပျိုးကြကာ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများတွင် ရိတ်သိမ်းရပါသည်။ နှမ်းတွင် နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းညိုဟူ၍ အမျိုးအစားများစွာရှိကာ နှမ်းနက်သည် အခြားနှမ်းများထက် ဈေးပိုရကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ထင်း/ မီးသွေးအစားထိုး စပါးခွံလောင်စာ တောင့်ထုတ်လုပ်ခြင်းကို ရန်ကုန်-ဟင်္သာတ ကားလမ်းဘေး၊ အမှတ် (၁၇)ရပ်ကွက် မိဘဂုဏ်ရည်ဆန်စက်၌ ၂၀၂၀ ခုနှစ်ကတည်းက လုပ်ငန်းစတင်ပြီး လောင်စာတောင့်ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။
