ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဂါးတာကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ နတ်အင်းကျေးရွာ၊ နတ်ပေးကျေးရွာများတွင် သဘာဝအလျောက်ထွက်ရှိပြီး တောတောင်များကြားတွင် ပေါက်ရောက်သည့် ဝါးပင်မှထွက်ရှိသည့် ဝါးပင်ပေါက် (ခေါ်) မျှစ်များကို ဒေသခံရွာသားများက မျှစ်စိမ်း၊ မျှစ်ပြုတ်နှင့်မျှစ်ခြောက်ဟူ၍ အမျိုးအစားခွဲကာ ရောင်းချကြောင်းသိရှိရပါသည်။

Loberty Times ၏အဆိုအရ အမေရိကန်သည် တရုတ်နိုင်ငံ၏ဆီမီးကွန်ဒတ်တာလုပ်ငန်းအား ၂၀၁၉ ခုနှစ်ကတည်းက ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ထားသောကြောင့် တရုတ်ချစ်ပ်ကုမ္ပဏီပေါင်း ၂၂၀၀၀ ကျော်ကို ၂၀၂၃ ခုနှစ်အကုန်တွင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဓိကအားဖြင့် အသေးစားနှင့်အလတ်စားကုမ္ပဏီများသည် လိုအပ်သောပင်မနည်းပညာများနည်းပါးပြီး နည်းပညာဆိုင်ရာအတားအဆီးများကို ကျော်လွှားရန်အခက်အခဲများနှင့်ရင်ဆိုင်ရခြင်းကြောင့် တရုတ်ချစ်ပ်ကုမ္ပဏီများအများအပြား လုပ်ငန်းမှထွက်ခွာသွားကြကြောင်း အစီရ

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးမြေပဲ စိုက်ဧက (၃၆၅၀) ဧကစိုက်ပျိုးပြီး၊(၁၅-၁၁-၂၀၂၄) ရက်နေ့အထိ (၃၅၂၃)ဧက ရိတ်သိမ်းပြီးကြောင်း သိရှိရပါသည်။ အထွက်နှုန်းအနေဖြင့် ၁ ဧကပျမ်းမျှ ၆၂.၀၃ တင်းထွက်ရှိပြီး မြေပဲဆံဈေးနှုန်းမှာလည်း ၁ ပိဿာလျှင် (၇၅၀၀ကျပ်မှ ၈၅၀၀ကျပ်)ဈေးဖြင့် မြေပဲအမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထွက်ရှိသောမြေပဲများကို ဒေသခံ ဆီကြိတ်ဆုံများကဝယ်ယူ၍ ဆီကြိတ်ခြင်းနှင့် ဒေသတွင်းကုန်သည်များကဝယ်ယူ၍ ပြည်မြို့နှင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကန့်ဘလူခရိုင်တွင် ရောင်းချနေသည့် ကွမ်းသီးများကို ကန့်ဘလူခရိုင်အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်း ဝယ်ယူ၍ ကွမ်းသီးမှ ကွမ်းသီးစိတ်များထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။
