ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့သို့ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသမှ အားလူများဝင်ရောက်လျက်ရှိရာ ယခင်လက အာလူးအသေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ အလတ် ၅၂၀၀ကျပ်နှင့် အကြီး ၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၀၀၀ကျပ်၊ အလတ် ၆၅၀၀ကျပ်နှင့် အကြီး ၈၀၀၀ကျပ်အထိဈေးနှုန်းမြင့်တက်ခဲ့ပါသည်။

ရွှေဘိုခရိုင်အနေဖြင့် စပါးကိုအဓိကစိုက်ပျိုးကြသော်လည်း မိုးကောင်းတောဒေသများတွင် ပဲ၊ ပြောင်း သီးနှံများကိုစိုက်ပျိုးကြရာ ၂၀၂၃-၂၀၂၄ခုနှစ် မိုးသီးနှံတွင် အစေ့ထုတ်ပြောင်း(၃၈၂၅)ဧက စိုက်ပျိုးကြောင်း၊ အစေ့ထုတ်ပြောင်းကို ပဲစဉ်းငုံနှင့် သီးညှပ်သော်လည်းကောင်း၊ သီးသန့် သော်လည်းကောင်းစိုက်ပျိုးကြပြီး ဇွန်လတွင်စတင်စိုက်ပျိုး၍ စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ(၅၄)တင်းခန့် ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ရွှေဘိုမြု့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သ
တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဈေးဆိုင်များတွင် ရှမ်းပြည်နယ်၏ သစ်သီးတစ်မျိုးဖြစ်သော လိမ္မော်သီးများ ပေါများစွာဝင်ရောက်နေပြီဖြစ်ပါသည်။ မိုးရာသီတွင် လိမ္မော်သီးများ ရှားပါး၍ သစ်သီးဆိုင်များတွင် အရောင်းအဝယ်မရှိခဲ့ရာက ယခု မိုးအကုန် ဆောင်းအကူးကာလတွင် လိမ္မော်သီးများ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် မိုးအကုန်ဆောင်းအကူးရာသီ၌ ဒေသအနီးကျေးရွာများမှ လာရောက်ရောင်းချနေသော ရာသီပေါ်ဒေသတွင်းငါးများ ပေါများလျက်ရှိပါသည်။ ယခု မိုးနှောင်းကာလရောက်ချိန်တွင် ပေါ်လာသော ငါးခူ၊ ငါးဘတ်၊ ငါးနုသန်းများမှာ ပေါများစွာရရှိပြီး ဈေးနှုန်းမှာလည်း အခြားအသားငါးများဈေးနှုန်းကြီးမြင့်နေချိန်တွင် စားသုံသူပြည်သူများဝယ်ယူရန်သင့်တင့်သောဈေးနှုန်းများရှိပါသည်။

တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်တွင် ယခင်လတွင် ကြက်ဥတစ်လုံးလျှင် အသေး ၃၆၅ကျပ်နှင့် အကြီး ၃၈၅ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်လုံးလျှင် အကြီး/ အသေးအလိုက် အသေးတစ်လုံးလျှင် ၃၅၀ကျပ်၊ အလတ်တစ်လုံးလျှင် ၄၀၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၄၈၀ကျပ်ရှိသဖြင့် ၉၅ကျပ်အထိဈေးတက်လာပါသည်။
ဘဲဥမှာ အသေးတစ်လုံးလျှင် ၄၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၄၅၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
