ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်းလိုအပ်သော ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ မှာယူရောင်းချကြပါသည်။ ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အောက်တိုဘာလအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး (၃၅၀၀) ကျပ်၊ အသေး (၂၀၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နိုဝင်ဘာလတွင် ဂေါ်ဖီတစ်ထုပ်လျှင် အကြီး (၃၅၀၀) ကျပ်၊ အသေး (၂၀၀၀ ) ကျပ်ဈေးရှိခ

မြန်မာနိုင်ငံမှထွက်ရှိသော ပဲတီစိမ်းများကို ပြည်ပနိုင်ငံများသို့ ကုန်သွယ်ရေးနည်းလမ်းများဖြစ်သော ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြင့် တင်ပို့လျက်ရှိပြီး မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပဲတီစိမ်းစိုက်ဧက (၁၃၉) ဧက ရှိ၍ ယခင်နှစ် ကြံခင်းမြို့နယ် ဈေးကွက်တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၇၀၀၀၀/- ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခုနှစ် ဈေးကွက်တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၈၀၀၀၀/- ဈေးနှုန်းဖြင့် ရောင်းချရ၍ ယခင်နှစ်ကာလတူဈေးနှုန်း နှိုင်းယှဉ်ပါက ပဲတီ

ရှောက်ချိုသီးမှာ ရှောက်သီး၊ သံပရာသီး၊ လိမ္မော်သီးတို့နှင့် မျိုးရင်းတူသည့် အသီးတစ်မျိုးဖြစ်ပြီး အခွံမှာ အစိမ်းရောင်ရင့်ရင့်၊ အစိမ်းရောင်ဖျော့ဖျော့နှင့် အဝါရောင်သန်းသည့် ရှောက်ချိုသီးဟူ၍ အမျိုးမျိုးရှိပါသည်။ ရှောက်ချိုသီးစားသုံးခြင်းဖြင့် အစာခြေစနစ်ကိုကျန်းမာစေ၍ ဗီတာမင်စီချို့တဲ့မှုမဖြစ်အောင် ကာကွယ်ပေးခြင်းဖြင့် ကိုယ်ခံအားကောင်းစေသည့်အပြင် ဆံကေသာကျန်းမာရေး၊ အသားအရည်ကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါသည်။ ရှောက်ချိုသီးတွင် ပိုတက်စီယမ်ပါဝင်မှုကြောင့် ကင်ဆာရောဂါ၊ ကျောက်ကပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်းများကိုလည်း တောင်သူများဝင်ငွေတိုးရန်အတွက် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ၃၁၂၈ ဧက စိုက်ပျိုးခဲ့ပြီး ၁၂-၁၁-၂၀၂၄ ရက်နေ့အထိ ၃၀၁၉ ဧကရိတ်သိမ်းပြီးကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ဖူးစားပြောင်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၁၅