သာစည်မြို့နယ်တွင် သင်္ဘောသီးများ စတင်ထွက်ရှိ

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် သင်္ဘောသီးကိုနှစ်စဉ်စိုက်ပျိုးရာ ယခုနှစ် မေလမှ စတင်စိုက်ပျိုးခဲ့ပြီး မိုးရာသီတွင် မိုးအချိုးအစား လုံလောက်ခြင်းကြောင့် နိုဝင်ဘာလအတွင်း အသီးအထွက်ကောင်းမွန်နေပြီး ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်နေကြောင်း ဒေသစိုက်ပျိုးသူများထံ သိရှိရပါသည်။ သင်္ဘောသီး ဈေးကွက်အခြေအနေအရ အလုံးအကြီး/ အသေးပေါ်မူတည်၍ တစ်လုံးလျှင် (၁၅၀၀-၂၀၀၀) ကျပ်ခန့်ရှိပြီး တစ်ဧကလျှင် တစ်ပတ် ပျှမ်းမျှအသီး  အလုံးရေ(၁၀၀-၁၅၀) ခန့်ရှိပြီး၊ ဈေးကွက်နှင့် ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ အခင်းအရောက်လာရောက်ဝယ်ယူကြသလို သာစည်၊ မိတ္ထီလာ၊ မန္တလေးမြို့ပေါ်သို့ သွားရောက်ရောင်းချသူများလည်းရှိကြောင်း သင်္ဘောစိုက်တောင်သူများထံမှ သိရှိရပါသည်။ သာစည်မြို့နယ်၌ သင်္ဘောပင်စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသော သင်္ဘောကို နှစ်စဉ်ပုံမှန်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)