မိတ္ထီလာဘိလပ်မြေဈေးကွက်

Powered by Drupal

      မိတ္ထီလာဈေးကွက်အတွင်း ယခုနိုဝင်ဘာလ ပထမအပတ်တွင် အပါချီဘိလပ်မြေ တစ်အိတ်လျှင် (၁၆၈၀၀-၁၇၀၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၆၈၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ် လျှင်(၁၆၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် အပါချီဘိလပ်မြေတစ်အိတ်လျှင်(၁၈၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေ တစ်အိတ်လျှင် (၂၀၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ်လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်း လာကြောင်းသိရသည်။ နှစ်စဉ်မိုးကုန်သည့်ကာလ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဘိလပ်မြေ အရောင်းသွက်သည့်ကာလ ဖြစ်သော်လည်း ယခုနှစ်အဝယ်အေးနေခြင်းကြောင့် စက်ရုံထုတ်ဈေးများ ကျဆင်းခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ မိတ္ထီလာမြို့သို့ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာမှ အပါချီဘိလပ်မြေ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင်နှင့် Alpha ဘိလပ်မြေများ ဝင်ရောက်ပြီး မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များမှ ဝယ်လက်များသို့ ရောင်းချရကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)