ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Nov 2024

                 ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြားကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ပထမ (၁၀) လအတွင်း အမေရိကန်ဒေါ်လာ ၁၂.၃၇ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်းတိုးလာကြောင်း အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ်ဆက်လက်ရပ်တည်နေပြီး အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့လည်းပါဝင်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကမ္ဘောဒီးယား

18 Nov 2024

                တရုတ်နိုင်ငံ Chongqing မြို့တော်တွင် လတ်တလောကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ဗီယက်နမ် နှင့်တရုတ်လုပ်ငန်းများသည် ကုန်သွယ်ရေး-စီးပွားရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေးနှင့် မီဒီယာတို့တွင် လွှမ်းခြုံထားသည့်နားလည်မှုသဝဏ်လွှာ (MOU) ၇ ခုကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရပါသည်။ ထိုပွဲကို ဗီယက်နမ်ဝန်ကြီးချုပ်  Pham Minh Chinh တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် Chongqing ၏ အာဆီယံတွင်အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ်ရပ်တည်လျှက်ရှိပြီး

18 Nov 2024

               ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုများ၊ ကြီးမား‌သောအခြေခံအဆောက်အအုံစီမံကိန်းများနှင့်သင့်လျော်ကောင်းမွန်သော ဥပဒေဝန်းကျင်တို့ကြောင့် ဗီယက်နမ်နိုင်ငံ၏စက်မှုနှင့် ဒစ်ဂျစ်တယ်ကဏ္ဍများသည် အားကောင်းစွာကြီးထွားလာကြောင်း ဗီယက်နမ်အိမ်ခြံမြေအေဂျင်စီ Savills Vietnam ၏ပြောကြားချက်အရ သိရပါသည်။ ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်များနှင့် အချက်အလက်စင်တာများတိုးချဲ့လာခြင်းနှင့်အတူ ဗီယက်နမ်နိုင်ငံ၏ တန်ဖိုးမြင့်ကုန်ထုတ်လုပ်ခြင်းသို့ အသွင်ကူးပြောင်းလာခြင်းသည် ကမ္ဘာ့ထောက်ပံ

18 Nov 2024

        လာအိုစက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အစားသောက်ထုတ်ကုန်များအားလုံး  စားသုံးသူများဘေးကင်းလုံခြုံစေရေးအလို့ငှာ လာအိုဘာသာဖြင့် ကုန်အမှတ်တံဆိပ်များ ကပ်ရန်နှင့်  အစားအသောက်နှင့်ဆေးဝါးမှတ်ပုံတင်ဌာနတွင် လာမည့် ၂၀၂၅၊ ဇန်နဝါရီ ၁ရက်နေ့မှစ၍  သတ်မှတ်ထားသည့် လိုအပ်သောစည်းမျဉ်းနည်းလမ်းများအတိုင်းမှတ်ပုံတင်ရန် ထုတ်ပြန်ကြေညာခဲ့သည်။

18 Nov 2024

     အညာဒေသ၏ အစားအစာတစ်ခုဖြစ်သော ရာသီစာထန်ပင်မြစ်များ ဈေးကွက်အတွင်းသို့ စတင်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အညာဒေသသည် ထန်းပင်များ လှိုင်လှိုင်ပေါသော အရပ်ဒေသတစ် ခုလည်းဖြစ်ပါသည်။ ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများတွင် ထန်းပင်များကို ယာမြေများ၏ ဘေးပတ်ပတ်လည်တွင် စည်းရိုးများအဖြစ်လည်း အသုံးပြုကြပါသည်။ ထန်းမြစ်များကို ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မြိုင်မြို့နယ်၊ ကမ္မမြို့နယ်၊ ပေါက်မြို့နယ်များနှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကံတော်၊ ကံရပ်၊ သစ်ပင်ကြီး၊ ချောင်ကန်အုပ်စု ကျ

Pages