ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)မှစတွင် ကြက်သွန်နီဈေးနှုန်းများမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများနှင့် အခြားမြို့နယ်များဖြစ်သည့် ပခုက္ကူ၊ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ တညောင်မြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်နီကုန်ဆုံးရာသီချိန် ရောက်ရှိသော်လည်း ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ တစ်ရက်လျ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်း၊ ဆိပ်ဖြူ၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့ များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူဦးဇော်လင်း၏လယ်ယာမြေထဲတွင် ပန်းဂေါ်ဖီများကိုစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်တွင် အရောင်းအဝယ်ရှိသောဘိလပ်မြေဈေးမှာ အောက်တိုဘာလနောက်ဆုံးပတ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၁၅၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၀၉၀၀ကျပ်၊ အပါချီတစ်အိတ်လျှင် ၁၀၉၀၀ကျပ်၊ ရွှေတောင်မြို့နယ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၃၀၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၁၅၀၀၊ အပါချီ အမှတ်တံဆိပ်တစ်အိတ်လျှင် ၁၁၅၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် ကြံ့နီတစ်အိတ်လျှင် ၁၃၀၀၀ကျပ်၊ Alpha နှင့် အပါချီတစ်အိတ်လျှင် ၁၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုနိုဝင

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နိုဝင်ဘာလပထမပတ်တွင် မတ်ပဲတစ်တင်းကို ၁၂၀၀၀၀-၁၂၀၅၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် (၁၀၀)ခန့်အဝယ်ရှိပါသည်။ နိုဝင်ဘာပထမပတ်တွင် ပဲတီစိမ်းသစ်များအဝင်ရှိပြီး တစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် (၃၀၀-၄၀၀)ခန့် အဝယ်ရှိပါသည်။ နိုဝင်ဘာပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၅၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်တစ်ခါတစ်ရံမှဖြစ်လျှင် အိတ် ၁၀၀ခန့်သာရှိပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၁၀၂၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၁၂၂
