ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Nov 2024

   မိုးကာလကုန်ဆုံးပြီးနောက် မြစ်ချောင်း၊အင်း၊အိုင်များ ရေနည်းပါးလာပြီး အသား/ငါးပေါများလာသည့် ကာလတို့ရောက်ရှိလာခြင်းနှင့်အတူ မွေးမြူရေး အသား/ငါးများထက် ဒေသထွက်ရေချိုငါးများမှာ ဈေးကောင်းရလျက်ရှိသည်။

18 Nov 2024

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး  ချောင်း၊ အင်းအိုင်၊ မြောင်းလယ်ကွင်းများမှ သဘာဝအတိုင်း ရှာဖွေဖမ်းဆီးပြီး ဖမ်းစီးရရှိသော ဒေသထွက်ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချပြီးလျက်ရှိ ကြောင်း ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။

18 Nov 2024

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၅.၁ သန်းအထိ တင်သွင်း ရဖွယ်ရှိပြီး အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက် ဆန်တန်ချိန် ၄.၉ သန်းထက် ၀.၂ သန်း ပိုမိုလိမ့်မည်ဟု အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) လက်အောက်ရှိ နိုင်ငံခြားစိုက်ပျိုးရေး ဝန်ဆောင်မှုဌာန (FAS) က ပြောကြားခဲ့ကြောင်း သိရပါသည်။

18 Nov 2024

    ထိုင်းနိုင်ငံ၏ ယခုနှစ် ဆန်တင်ပို့မှုမှာ တန်ချိန် ၉ သန်းအထိ တိုးတက်လျက် နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ သို့မဟုတ် ဘတ် ၂၃၀ ဘီလီယံခန့် ဝင်ငွေရရှိနိုင်မည်ဟု ဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

18 Nov 2024

              ပြည်ဈေးကွက်အတွင်း ဆောင်းရာသီသီးနှံဖြစ်သည့် မုန်လာဥဖြူသီးနှံများ ယခုနိုဝင်ဘာပထမပတ်တွင် စတင်ဝင်ရောက်မှုရှိလာပြီး ဈေးကောင်းရလျက်ရှိကြောင်းသိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်မှာကောင်းလျက်ရှိပြီး ဈေးကွက်သို့ ဆင်မြီးဆွဲ၊ ပုတီးကုန်း၊ ကင်ပွန်းခြုံ၊ မှုတ်ရှည်ရွာများမှ အဝင်ရှိနေပါသည်။ ဝင်ရောက်မှုမှာ တစ်ကြိမ်လျှင် (၅)လုံးပါအစည်း (၅၀-၆၀)ခန့်ဝင်ရောက်မှုရှိနေပြီး ဈေးကွက်အတွင်းရောင်းချသောဈေးနှုန်းမှာ တစ်စည်းလျှင် (၇၀၀-၈၀၀)နှုန်းဖြင့် ဈေးမြင့်နေသော်လည်း ပေါ်ခါစဖ

Pages