
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ရှမ်းပြည်နယ်မှ ဝင်ရောက် သည့် ဂျပန်ပျားလိမ္မော်သီးနှင့် မော်လမြိုင်ဒေသထွက် မင်းကွက်သီးများ ရောင်းချလျက်ရှိပါ သည်။
၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ တတိယပတ်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းဘေး တစ်လျှောက်ရှိ သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ မင်းကွက်သီးအသေး (၁) လုံးလျှင် (၆၀၀) ကျပ်၊ အလတ် (၁)လုံးလျှင် (၉၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၁၆၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
