ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Nov 2024

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၅.၁ သန်းအထိ တင်သွင်း ရဖွယ်ရှိပြီး အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက် ဆန်တန်ချိန် ၄.၉ သန်းထက် ၀.၂ သန်း ပိုမိုလိမ့်မည်ဟု အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) လက်အောက်ရှိ နိုင်ငံခြားစိုက်ပျိုးရေး ဝန်ဆောင်မှုဌာန (FAS) က ပြောကြားခဲ့ကြောင်း သိရပါသည်။

18 Nov 2024

    ထိုင်းနိုင်ငံ၏ ယခုနှစ် ဆန်တင်ပို့မှုမှာ တန်ချိန် ၉ သန်းအထိ တိုးတက်လျက် နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ သို့မဟုတ် ဘတ် ၂၃၀ ဘီလီယံခန့် ဝင်ငွေရရှိနိုင်မည်ဟု ဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

18 Nov 2024

              ပြည်ဈေးကွက်အတွင်း ဆောင်းရာသီသီးနှံဖြစ်သည့် မုန်လာဥဖြူသီးနှံများ ယခုနိုဝင်ဘာပထမပတ်တွင် စတင်ဝင်ရောက်မှုရှိလာပြီး ဈေးကောင်းရလျက်ရှိကြောင်းသိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်မှာကောင်းလျက်ရှိပြီး ဈေးကွက်သို့ ဆင်မြီးဆွဲ၊ ပုတီးကုန်း၊ ကင်ပွန်းခြုံ၊ မှုတ်ရှည်ရွာများမှ အဝင်ရှိနေပါသည်။ ဝင်ရောက်မှုမှာ တစ်ကြိမ်လျှင် (၅)လုံးပါအစည်း (၅၀-၆၀)ခန့်ဝင်ရောက်မှုရှိနေပြီး ဈေးကွက်အတွင်းရောင်းချသောဈေးနှုန်းမှာ တစ်စည်းလျှင် (၇၀၀-၈၀၀)နှုန်းဖြင့် ဈေးမြင့်နေသော်လည်း ပေါ်ခါစဖ

18 Nov 2024

                ပြည်မြို့ရှိ လိမ္မော်သီးဈေးကွက်မှာ ဈေးနှုန်းများကျဆင်းခြင်းမရှိဘဲ ပုံမှန်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ လိမ္မော်ပင်များသည် ဒေသတစ်ခုနှင့် တစ်ခုစိုက်ပျိုးချိန်၊ မြေအနေအထား၊ ရာသီဥတုအခြေအနေ၊ ဒေသအနေအထားအရ အသီးသီးကွဲပြားပါသည်။ မတ်လနှင့် ဧပြီလတွင် စတင်အသီးသီးပြီး အောက်တိုဘာလတွင်အသီးများလှိုင်လှိုင်ထွက်ရှိပါသည်။ လိမ္မော်သီးအား တောင်ကြီးနှင့်လားရှိုးမြို့တို့တွင်စိုက်ပျိုးပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်များတွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပြည

18 Nov 2024

               ယခုအချိန်သည် ဆောင်းဦးပေါက်ရာသီဖြစ်၍ ဘုရားပန်းများကပ်လှူပူဇော်ရန် ခရမ်းရောင်သစ်ခွပန်းများ ပြည်မြို့ရှိဈေးကွက်များတွင် ရောင်းချလျက်ရှိပါသည်။ ထိုသစ်ခွပန်းသည် ဆောင်းရာသီကာလတွင်သာရရှိပြီး ပြည်ဒေသရှိ ပန်းရောင်းသူများသည် ရန်ကုန်မြို့မှ မှာယူတင်သွင်းရောင်းချကြောင်းသိရပါသည်။ ရန်ကုန်မြို့မှ ပန်းကုန်သည်များသည် ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် ပြင်ဦးလွင် ဘက်မှဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချကြောင်း သိရပါသည်။ ရောင်းချသော ဈေးနှုန်းများအနေဖြင့် ပန်းခိုင် အကြီး/ အသေးရောရာ (၅)ခိုင်ပ

Pages