ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Nov 2024

    ထိုင်းနိုင်ငံတွင် စားအုန်းဆီဈေးနှုန်းများ မြင့်တက်မှုဖြစ်ပေါ်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဇီဝဒီဇယ်ဆီထုတ်လုပ်ရာတွင် စားအုန်းဆီ ပါဝင်ရောစပ်မှုပမာဏကို နိုဝင်ဘာ ၂၁ ရက် နေ့မှစတင်၍ လျှော့ချလျက် B7 ဇီဝဒီဇယ် အစီအစဉ်မှ B5 အဆင့်သို့ ပြောင်းလဲလုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

18 Nov 2024

   အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်အတွင်း ဆန်တင်သွင်းရန် ခွဲတမ်းသတ်မှတ်ထားရှိမှုမှ အပြည့်အဝ တင်သွင်းခြင်းမပြုနိုင်ပဲ ကျန်ရှိမည့်ပမာဏကို ရှေ့နှစ်တွင် ဆက်လက်တင်သွင်းမည် ဖြစ်ရာ ဈေးကွက်၌ ထောက်ပံ့ပေးသွင်းနိုင်မှုအပေါ် မူတည်၍ ၂၀၂၅ ခုနှစ်၌ ဆန်ကို အသစ်ထပ်မံ တင်သွင်းရဖွယ် မရှိနိုင်ကြောင်းနှင့် အကယ်၍ တင်သွင်းရန် လိုအပ်မည်ဆိုပါကလည်း ပမာဏ အနည်းအကျဉ်းမျှသာ ရှိနိုင်သည်ဟု စားနပ်ရိက္ခာရေးရာဝန်ကြီး Zulkifli Hasan က နိုဝင်ဘာ ၁၁ ရက်နေ့တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

18 Nov 2024

    ဘရာဇီးနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် မတ်ပဲနှင့် ပဲစင်းငုံတို့ကို အဓိကတင်သွင်းရာ အရင်းအမြစ်တစ်ခု ဖြစ်လာမည့် အလားအလာရှိသည်ဟု နိုဝင်ဘာ ၇ ရက်နေ့၌ အိန္ဒိယစားသုံးသူရေးရာ အတွင်းဝန် Nidhi Khare က ဘရာဇီးစိုက်ပျိုးရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖွဲ့မှ အကြီးတန်းအရာရှိ Julio Cesar Ramos အား လက်ခံတွေ့ဆုံခဲ့အပြီး သတင်းထုတ်ပြန်ရာ၌ ဖော်ပြထားကြောင်း သိရှိရသည်။

18 Nov 2024

               ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီးပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပ

18 Nov 2024

                 ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အကောက်ခွန်အာဏာပိုင်များသည် အခွန်ရှောင်မှု၊ လူမှောင်ခိုမှုနှင့် အခြားနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုပုံစံများကိုတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန်ကတိပြုခဲ့ကြသည်။ နှစ်နိုင်ငံတာဝန်ရှိသူများသည် နယ်စပ်လုံခြုံရေးတိုးမြှင့်ရန်၊ သတင်းအချက်အလက်မျှဝေခြင်းမြှင့်တင်ရန်နှင့် တရားမဝင်လုပ်ဆောင်မှုများကို ပူးပေါင်းဖော်ထုတ်ကြရန်ဆွေးနွေးခဲ့ကြသည်။ ၅ ကြိမ်မြောက်နှစ်နိုင်ငံအကောက်ခွန် နယ်စပ်အစည်းအဝေးတွင် ကောက်ခွန်ဆိုင်ရာရ

Pages