ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Nov 2024

     မလေးရှားနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်ထောက်ပံ့မှု လျော့ကျလာပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊  ‌ဖေဖော်ဝါရီလအထိ ၃ လအတွက် ဘာဆာမလေးရှားဈေးကွက်၌ စားအုန်းဆီကြမ်း ကြိုတင်အရောင်းစာချုပ်များကို အနည်းဆုံး ၅% ခန့် ဈေးနှုန်းမြှင့်တင် ချုပ်ဆိုမှု များရှိကြောင်း နိုင်ငံတကာစီးပွားရေး စောင့်ကြည့်လေ့လာရေးသုတေသနအဖွဲ့ (Business Monitor International-BMI) ၏ ‌ရေးသား ဖော်ပြချက်ကို ကိုးကားလျက် မလေးရှား New Straits Times သတင်းဌာနက ၁၁-၁၁-၂၀၂၄ ရက်နေ့တွင် ဖော်ပြထားပါသည်။

18 Nov 2024

              ပြည်ဒေသရှိဈေးကွက်များတွင် ဝါးဥနှင့်ပီလောပီနံဥ(ခ)ကလောဥများ ရောင်းချလျက်ရှိပါသည်။ ဝါးဥကို ပုတီးကုန်း၊ သဲကုန်းဘက်မှဝင်ရောက်မှုရှိသလို ကလောဥကို ပန်းတောင်းမြို့နယ်နှင့်အခြားမြို့နယ်များမှ ဝင်ရောက်လျက်ရှိပါသည်။ ဝါးဥပင်ကို မိုးဦးကျကာလတွင်စိုက်ပျိုးပြီး ယခုလိုဆောင်းဦးရာသီဖြစ်သော နိုဝင်ဘာလဆန်းတွင် တူးယူ၍ရောင်းချကြပါသည်။ ယခုအချိန်တွင် ဝါးဥပေါ်စအချိန်ဖြစ်၍ ရောင်းချသောဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့်ရောင်းချပြီး နေ့စဉ် ပိဿာချိန် (၁၀)ပိဿာကျော်ဝင်ရောက်လျက်ရှိပြီး

18 Nov 2024

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဩစတေးလျစက်မှုလုပ်ငန်းများနှင့် စားသုံးသူများ၏ ဈေးကွက်လိုအပ်ချက် ကြီးထွားနေမှုကို ဖြည့်ဆည်းရန်အလို့ငှာ ဩစတေးလျနိုင်ငံသို့ အရည်အသွေးမြင့် အုန်းဆီ မက်ထရစ်တန်ချိန် ၃၀၀၀၀ ကို ထပ်ဆောင်း၍ နှစ်စဉ်တိုးမြှင့်တင်ပို့နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

18 Nov 2024

       မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးဆီကိုယ်စားလှယ်များက အလှည့်ကျ မအူပင်ခရိုင်၊ မြို့နယ်ဝန်ထမ်းမိသားစုများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် သက်သာစွာစားသုံးနိုင်ရေး မအူပင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရုံးဝန်းတွင် (၁၂-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်၌ စနစ်တကျရောင်းချပေးနေကြောင်းသိရသည်။

18 Nov 2024

     ထိုင်းနိုင်ငံ၌ အမျိုးသားဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲရေးကော်မတီသည် ဆန်စပါးဝယ်လိုအားနှင့် ရောင်းလိုအားအကြား ဟန်ချက်ညီစေရန်အတွက် အစီအမံ (၃) ရပ်ကို အတည်ပြုခဲ့ရာ ရိတ်သိမ်းချိန် ကာလအတွင်း ရောင်းလိုအားများခြင်းကြောင့် ယခုနှစ် သီးနှံရာသီတွင် စပါးဆန်ဈေးများ ရုတ်တရက် ကျဆင်းသွားမည် မဟုတ်ကြောင်း သေချာသည်ဟု လေ့လာသူများ၏ ပြောကြားချက် အရ သိရှိရသည်။

Pages