ကုန်သွယ်မှုသတင်းများ
တန်ဆောင်မုန်း လဆန်းအချိန်တွင် မုန့်ဆန်းလှိုင်လှိုင်ပေါ်နေပြီး ဖြစ်သည်အတွက် ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးတွင် ကရင်ပြည်နယ်ဒေသထွက် မုန့်ဆန်းများ စတင်ရောင်းချနေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ တလုပ်လပ်ကျေးရွာ၊ ဝါးတောကျေးရွာ၊ အလန်းကျေးရွာများတွင် စံပယ်ပန်းကိုစိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ပန်းစိုက်ဧက၁၂၈ကျော် စိုက်ပျိုးထားရှိကြောင်းသိရသည်။

ယခုနိုဝင်ဘာလတွင် ပြည်ဈေးကွက်သို့ရှမ်းပြည်နယ်၊ ပင်းတယ၊ ကလော၊ ပင်လောင်းစသည့်မြို့နယ်များမှ ဂေါ်ရခါးသီးနှင့်ပန်းဂေါ်ဖီထုပ်များ ဝင်ရောက်လျက်ရှိပါသည်။ ဂေါ်ရခါးသီးနှင့်ပန်းဂေါ်ဖီများ ဝင်ရောက်မှုမှာ အနည်းငယ်နည်းပါးသွားပြီး တစ်ပတ်လျင်ကားအဝင်နည်းကြောင်းလည်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဝင်ရောက်မှုရှိသလောက် အရောင်းအဝယ်ဖြစ်နေပြီး အဝင်နည်းသည့်အတွက် ဂေါ်ရခါးသီးတစ်လုံးလျှင် (၅၀၀)ကျပ်ခန့်နှင့် ပန်းဂေါ်ဖီတစ်ထုပ်လျှင် (၁၂၀၀-၁၅၀၀)ကျပ် ရှိကြောင်းသိရပါသည်။ ယခင်နှစ်တွင် ဂေါ်ရခ

မိုးကာလကုန်ဆုံးပြီးနောက် မြစ်ချောင်း၊အင်း၊အိုင်များ ရေနည်းပါးလာပြီး အသား/ငါးပေါများလာသည့် ကာလတို့ရောက်ရှိလာခြင်းနှင့်အတူ မွေးမြူရေး အသား/ငါးများထက် ဒေသထွက်ရေချိုငါးများမှာ ဈေးကောင်းရလျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး ချောင်း၊ အင်းအိုင်၊ မြောင်းလယ်ကွင်းများမှ သဘာဝအတိုင်း ရှာဖွေဖမ်းဆီးပြီး ဖမ်းစီးရရှိသော ဒေသထွက်ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချပြီးလျက်ရှိ ကြောင်း ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။
