မြိတ်တွင်အရောင်းအဝယ်ဖြစ်နေသည့် တညင်ရွက်ဈေးနှုန်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် ဒေသတွင်းထွက်ရှိသော စားဖိုဆောင် သီးနှံများ၊ တနင်္သာရီမြို့မှထွက်ရှိသောစိုက်ပျိုးသီးနှံများနှင့် မြိတ်အနီးရှိကျေးရွာများမှ လာရောက် ရောင်းချသော သီးပင်စားပင်များအား မြို့ပေါ်ရှိ ဈေးများပေါ်တွင်စည်ကားစွာရောင်းချနေကြပါသည်။ ဒေသတွင်းထွက်ရှိသော်လည်း တနင်္သာရီမြို့မှ သယ်ယူရောင်းချသော တညင်ရွက်များသာ ဈေး ကောင်းရရှိ၍ မြိတ်သူ/မြိတ်သားတို့အကြိုက်များကြောင်း ကုန်စိမ်းရောင်းချသူထံမှသိရှိရပါသည်။ တညင်ရွက်ဟင်းချို၊ တညင်ရွက်ကို ဘူးသီး၊ဂုံး(ခေါ်)ရှပ်တို့နှင့်ရော၍ ပေါင်းလှော်၊ သီးစုံအချဉ်ဟင်း တို့တွင်ထည့်သွင်း၍ချက်ပြုတ်လျှင် အဝေးရောက်နေသော မြိတ်သူ၊မြိတ်သားတို့အတွက် အိမ်လွမ်း စရာဟင်းတစ်ခွက်ဖြစ်မှာ အမှန်ပင်ဖြစ်ပါသည်။

          ယခု နိုဝင်ဘာလ တတိယပတ်တွင် အောင်မင်္ဂလာဈေး၊ ဆိပ်ငယ်ဈေးနှင့် မြို့သစ်ဇေယျာသီရိ ဈေးတို့တွင် ညနေပိုင်းကားဖြင့်ဝင်ရောက်လာသော ကုန်စိမ်းများထဲမှတညင်ရွက်ကို လက်လီ တစ် စည်းလျှင်(၁၀၀၀)ကျပ်၊လက်ကားတစ်စည်းလျှင်(၉၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း ကုန်စုံရောင်း ချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)