ကုန်သွယ်မှုသတင်းများ
အညာဒေသ၏ အစားအစာတစ်ခုဖြစ်သော ရာသီစာထန်ပင်မြစ်များ ဈေးကွက်အတွင်းသို့ စတင်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အညာဒေသသည် ထန်းပင်များ လှိုင်လှိုင်ပေါသော အရပ်ဒေသတစ် ခုလည်းဖြစ်ပါသည်။ ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများတွင် ထန်းပင်များကို ယာမြေများ၏ ဘေးပတ်ပတ်လည်တွင် စည်းရိုးများအဖြစ်လည်း အသုံးပြုကြပါသည်။ ထန်းမြစ်များကို ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မြိုင်မြို့နယ်၊ ကမ္မမြို့နယ်၊ ပေါက်မြို့နယ်များနှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကံတော်၊ ကံရပ်၊ သစ်ပင်ကြီး၊ ချောင်ကန်အုပ်စု ကျ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)မှစတွင် ကြက်သွန်နီဈေးနှုန်းများမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများနှင့် အခြားမြို့နယ်များဖြစ်သည့် ပခုက္ကူ၊ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ တညောင်မြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်နီကုန်ဆုံးရာသီချိန် ရောက်ရှိသော်လည်း ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ တစ်ရက်လျ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်း၊ ဆိပ်ဖြူ၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့ များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူဦးဇော်လင်း၏လယ်ယာမြေထဲတွင် ပန်းဂေါ်ဖီများကိုစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်တွင် အရောင်းအဝယ်ရှိသောဘိလပ်မြေဈေးမှာ အောက်တိုဘာလနောက်ဆုံးပတ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၁၅၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၀၉၀၀ကျပ်၊ အပါချီတစ်အိတ်လျှင် ၁၀၉၀၀ကျပ်၊ ရွှေတောင်မြို့နယ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၃၀၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၁၅၀၀၊ အပါချီ အမှတ်တံဆိပ်တစ်အိတ်လျှင် ၁၁၅၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် ကြံ့နီတစ်အိတ်လျှင် ၁၃၀၀၀ကျပ်၊ Alpha နှင့် အပါချီတစ်အိတ်လျှင် ၁၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုနိုဝင
