ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Nov 2024

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ ဈေးများတွင် ဒေသတွင်းပန်းများနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ ပန်းမျိုးစုံတို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းမျိုးစုံ ရောင်းချသူများထံမှ  သိရသည်။

18 Nov 2024

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သည် ဆန်စပါး၊ နှမ်းနှင့် ပဲမျိုးစုံတို့အပြင် စားဖိုဆောင်သီးနှံဖြစ်သည့် ဟင်းသီးဟင်းရွက်များလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စလင်းမြို့နယ်၊  ငလင်ပန်းကျေးရွာတွင် ရုံးပတီသီးကို  စိုက်ဧက ၇ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

18 Nov 2024

   မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးထွက်ရှိရာ အပူပိုင်းဒေသတစ်ခုဖြစ်ပြီး အခြားဒေသများမှ ထွက်ရှိသည့် သစ်သီးဝလံများကို ဝယ်ယူစားသုံးရကြောင်း၊ မကွေးမြို့တွင် မွန်ပြည်နယ်ဒေသထွက် မော်လမြိုင်ကျွဲကောသီးများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

18 Nov 2024

                 ယခုတစ်ပတ်တွင် ရာသီစာသီးနှံဖြစ်သော ဇီးသီးများဈေးကွက်တွင် စတင်ရောင်းချနေကြောင်းသိရှိရပါသည်။ ပြည်မြို့တစ်ဖက်ကမ်းမှ ရွှေဘုံသာရွာ၊ မကျည်းစုရွာ၊ ငွေဘုံသာရွာ အစရှိသောရွာများမှ စတင်၍ထွက်ရှိလာပြီး ဈေးကွက်ဝင်ရောက်ရောင်းချနေကြောင်း တွေ့ရပါသည်။ ဇီးသီးများမှာ ပေါ်ခါစဖြစ်၍ ထွက်ရှိမှုနည်းသဖြင့် အရောင်းအဝယ်ဖြစ်မှုမှာအနည်းငယ်ရှိပြီး ဈေးကွက်အနေဖြင့် ပြည်မြို့ရှိဈေးကွက်များနှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြပါသည်။ ရောင်းချသောဈေးနှုန်းမှာ ဇီးသီးတစ်ပြည်လျှင် ၄၅၀၀ကျပ်ဖြင့်ရေ

18 Nov 2024

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ မိုးစပါးစိုက်ဧက (၉၃၉၁၂) ဧက နှစ်စဉ်စိုက်ပျိုးကြောင်းသိရပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရိတ်သိမ်းခြင်းလုပ်ငန်းကို အောက်တိုဘာလ  (၁၈) ရက်နေ့တွင် စတင်ရိတ်သိမ်းနေကြပြီး အထွက်နှုန်းကောင်း၍ အရောင်းအဝယ်ဖြစ်နေပြီး ယနေ့ နိုဝင်ဘာလ (၈)ရက်နေ့အထိ မိုးစပါး ပန်းတနော်မြို့နယ်ရိတ်ဧက (၃၄၃၄၉) ဧကဖြစ်ပြီး ၎င်းအပေါ်  အထွက်နှုန်း( ၂၈၇၁၂၀၉)တင်းထွက်ရှိကြောင်းသိရသည်။

Pages