ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှ ထွက်ရှိလာသော ဒေသထွက်ကွမ်းသီးများကို နေ့စဉ်အခြားတိုင်းနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိရာ ၎င်းတို့ကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့ပါဝင်သောအဖွဲ့များဖြင့် စစ်ဆေးကြပ်မတ်ပြီး တင်ပို့ရောင်းချလျက်ရှိကြပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ကြက်သွန်နီများကို စိုက်ပျိုးထွက်ရှိခြင်းမရှိသောကြောင့် ဒေသတွင်း စားသုံးရန်အတွက် ရန်ကုန်မြို့ရှိ ပွဲရုံများမှ အများဆုံးဝယ်ယူ၍ မြိတ်မြို့သို့ ကားလမ်းဖြင့် အများဆုံးသယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဒေသထွက်ရှမ်းအစားအစာများဖြစ်သည့် ကောက်ညှင်းဆန်နှင့်ပြုလုပ်ထားသည့် ခေါပုတ်နှင့် ကောက်ညှင်းကျည်ထောက် (ခ) ပေါင်းတင်းဝါး (ခ) ခဲတံချောင်းများကို စားသုံးသူများ ကြိုက်နှစ်သက်စွာဝယ်ယူစားသုံး/ သုံးစွဲလျက်ရှိကြောင်း၊ ယခင်က ဆောင်းတွင်းကာလမှာသာ ရောင်းချမှုရှိပြီး ယခုအချိန်တွင် စားသုံးမှု/ သုံးစွဲမှုများလာသည့်အတွက် ရာသီမရွေး ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ တောင်ကြီးမြိုသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားပြည်သူများမှာလည်း အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယ
တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်တွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိသည့် (၅)ရက်တစ်ပတ်ဈေး၌ ရောင်းချနေသည့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူရောင်းဈေးနှုန်းများနှင့်ပတ်သက်၍ (၅-၁၁-၂၀၂၄) ရက်နေ့တွင် ကြက်သွန်နီနှင့်ကြက်သွန်ဖြူရောင်းချသည့်လုပ်ငန်းရှင် မဝင်းဝင်းနှင့်တွေ့ဆုံပြီး ဈေးကွက်အခြေအနေများကို စုံးစမ်းမေးမြန်းခဲ့ကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုအပတ်ပြောင်းသီးနှံမှာ အမြင့်ဈေး (၁၂၃၀)ကျပ်ဖြင့် ဈေးအေးလျက်ရှိနေပြီး ပြောင်းအသစ်များဝင်ရောက်မှုရှိသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၁၁၅၀၀ကျပ်၊ ထူး ၂-၁၂၅၀၀ကျပ်၊ ထူး ၃-၁၃၅၀၀ကျပ်၊ ထူး ၄-၁၄၅၀၀ကျပ်၊ ထူး ၅-၁၅၅၀၀ကျပ်၊ ထူးလွန်-၁၆၅၀၀ကျပ်နှင့် ဥတစ်လုံး မှာ ၂၅၀၀၀ကျပ်ဈေးပေါက်နေကြပြီး တောင်သူလက်ကျန်နည်းပါးမှုနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် ဈေးကွက်အဝင်နည်းသဖြင့် သီးနှံဈေးနှုန်းမြင့်တက်လာပ