ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Mar 2025

         ယခုမတ်လ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ မကွေးတိုင်းတွင်းရှိ တောင်တွင်း၊ ပခုက္ကူ၊ အောင်လံနယ်များမှ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၂၅၀၀၀)ခန့် အဝင်ရှိနေသည့်အတွက် ယခင်ဖေဖော်ဝါရီလတွင် ပိဿာချိန် (၁၅၀၀၀)အဝင်ရှိခဲ့သဖြင့် နေ့စဉ်ပိဿာချိန် (၁၀၀၀၀)ခန့် ပိုမိုအဝင်ရှိနေကြောင်း သိရသည်။ အဝင်များသည့်အတွက် ဈေးနှုန်းမှာ ယခင်လနှင့်နှိုင်းယှဉ်လျှင် ကျဆင်းလျက်ရှိပေမဲ့ အရောင်းအဝယ်မှာ ပုံမှန်ရောင်းဝယ်မှုများဖြစ်သော ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများ၊ မင်းလှမြို့နယ်၊ သာယာဝတီခရိ

26 Mar 2025

           ယခုလိုပူပြင်းတဲ့ရာသီမှာ ရေသွင်းစိုက်ပျိုးထားသည့် ဆူးပုပ်ရွက်များ ပြည်ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိနေသည်။ ပြည်မြို့ပေါ်ဈေးများသို့ ပြည်ဒေသအနီးတဝိုက်ရှိရွာများဖြစ်သော ဇီးအုပ်၊ နတ်တလင်း၊ မှော်ဇာ၊ ကင်ပွန်းခြုံ၊ အောင်မြေ အစရှိတဲ့ရွာများမှ တစ်ရက်လျှင် (၅)ပင် တစ်စည်းပါအစည်းရေ (၂၅၀-၃၀၀)ခန့် အဝင်ရှိနေသည်။ ရှားပါးချိန်ဖြစ်လို့ အဝင်ရှိသလောက် အရောင်းအဝယ်သွက်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့်လည်း (၅)ပင်ပါတစ်စည်းလျှင် (၂၀၀-၂၅၀)ကျပ် နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိသဖြင့် ယခ

26 Mar 2025

            ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကြံကြိတ်ဝါးရာသီကာလတွင် ပြည်ခရိုင်ရှိ ပြည်မြို့နယ်မှ နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်မှ အင်ငါးခွသကြားစက်တို့မှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက် နေ့မှ စတင်လည်ပတ်ခဲ့ရာမှ နဝဒေးသကြားစက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက် နေ့တွင် အပြီးသတ်ကြိတ်ဝါးခဲ့ပြီး အင်ငါးခွသကြားစက်မှာ ၂၀၂၅ခုနှစ်၊ မတ်လ (၁၂)ရက်နေ့တွင် အပြီးသတ်ကြိတ်ဝါးပြီးဖြစ်ပါသည်။

26 Mar 2025

အစေ့ထုတ်ပြောင်းများကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများအပြား စိုက်ပျိုးလျက် ရှိပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၄-၂၀၂၅ စိုက်ဧကမှာ(၁၀၀၉၉၇၀) စိုက်ဧကရှိပါသည်။ ရေရရှိသော နေ ရာများတွင်စိုက်ပျိုးသော အစေ့ထုတ်ပြောင်းများသည် စက်တင်ဘာလတွင် စတင်ထွက်ရှိပြီး မိုးရေကို အားထား၍ စိုက်ပျိုးသော အစေ့ထုတ်ပြောင်းများကို နိုဝင်ဘာလတွင် စတင် ထွက်ပေါ် လေ့ရှိပါသည်။ ယခုနှစ်တွင် အစေ့ထုတ်ပြောင်း စတင်ထွက်ပေါ်ချိန်တွင်

26 Mar 2025

              တောင်ငူမြို့ ညောင်ပင်ဈေးသို့ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်‌ရောင်းချလျက်ရှိရာ ရှမ်းပြည်နယ်ထွက် ကန်စွန်းဥနှင့် ပဲမြစ်များလည်း လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။

              ပဲမြစ်ကို ပြုတ်၍ ဆီဆမ်းပြီး သားရေစာအဖြစ် စားသုံးခြင်းကို အများက နှစ်ခြိုက်ကြပါသည်။ ပဲမြစ်အကြီး၊ အသေး ပေါ်မူတည်၍ (၁)ပိဿာလျှင် ၅၀၀၀ ကျပ် မှ ၆၀၀၀ ကျပ်အထိ ရောင်းချကြောင်း ဈေးသည်များထံမှ သိရပါသည်။

Pages