ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Mar 2025

Hyundai Steel ကုမ္ပဏီသည် Hyundai Motor Group နှင့် ပူးပေါင်း၍ အမေရိကန် ပြည်ထောင်စု၊ လူဝီဇီးယား ပြည်နယ်တွင် တစ်နှစ်လျှင် ၂.၇ သန်းထုတ်လုပ်နိုင်စွမ်းရှိသည့် စတီးလ်စက်ရုံတစ်ခု တည်ဆောက်ရန် ‌ဒေါ်လာ ၅.၈ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်‌ကြောင်း အဆိုပါ ကုမ္ပဏီက မတ်လ ၂၅ ရက်နေ့တွင်  ပြောကြားခဲ့ပါသည်။ Hyundai Steel ၏ရှယ်ယာများသည် အမေရိကန် သမ္မတ ‌ဒေါ်နယ်ထရမ့်က အဆိုပါ ကုမ္ပဏီ၏ အစီအစဥ်ကို ချီးကျူးပြီးနောက် ၇ ရာခိုင်နှုန်းထိကျဆင်းနေရာမှ ၅ ရာခိုင်နှုန်း ပြန်လည် မြင့်တက်ခဲ့ကြောင်း သိရပါသည်

26 Mar 2025

       ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ထိုင်းကျောက်စိမ်းပန်းကို ရာသီချိန်ဘုရားပန်းအဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စိုက်ပျိုးသူဦးမြင့်ဇော်နှင့် တွေ့ဆုံမေးမြန်းရာတွင် ထိုင်း ကျောက် စိမ်းစိုက်ပျိုးရာတွင် ပန်းမျိုးကို တောင်ကြီးမြို့မှ မျိုးတစ်ပင်လျှင် ၂၀/-ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုး ကြောင်း သိရှိရပါသည်။ တိုကျောက်စိမ်းပန်းစိုက်ပျိုးရာတွင် ပျိုးပင်များကို ၁၅ ရက်ကြာ ပြန်လည် ပြုစုရပြီး၊ အပင်သန် ကြီးထွားမှုပေါ် မူတည်၍ တစ်ပင်နှင့် တစ်ပင်ကြား (၆ လက်မ)ခြားကာ စိုက်ပျိုးကြရပါသည်။ စိုက်

26 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း မတ်လ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးနှုန်းများမှာ မတ်ပဲ(စာပါးစပ်)အမျိုးအစား တစ်တင်းလျှင် ၉၄၅၀၀/- ကျပ်၊ မတ်ပဲ TBL9 အမျိုးအစား တစ်တင်းလျှင် ၉၃၅၀၀/- ကျပ်၊ ပဲတီစိမ်း(စီပြောင်) တစ်တင်းလျှင် ၁၀၀၀၀၀/-ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)တစ်တင်းလျှင် ၁၁၀၀၀၀/-ကျပ်၊ ပဲတီစိမ်း(နီ) တစ်တင်းလျှင် ၁၂၃၀၀၀/- ကျပ်၊ ပဲလွမ်း(ဖြူ)တစ်တင်းလျှင် ၇၂၅၀၀/-ကျပ်၊ ပဲလွမ်းနီ တစ်တင်းလျှင် ၇၃၀၀၀/- ကျပ်၊ ပဲပုတ် တစ်တင်းလျှင် ၁၂၂၀၀၀/-ကျပ်နှင

26 Mar 2025

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးပြီးချိန်၌ မတ်ပဲ သီးနှံကို သီးထပ်အဖြစ်စိုက်ပျိုးကြပြီး  (၆၆၁၅၉)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ဇလွန်မြို့ နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မတ်ပဲ စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်မှာ ၉ သိန်းခွဲကျပ်ခန့်ရှိပြီး လယ်မြေ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၁၄ တင်းခန့်ရှိပါသည်။ မတ်ပဲစတင်စိုက်ပျိုးသော ကာလများတွင် မိုးရွာသွန်းမှုကြောင့် တချို့သော အပင်များပျက်စီးဆုံးရှုံးခြင်း၊ စိုက်ပျိုးမှုနောက်ကျ ခြင်းကြောင့် ဖြ

26 Mar 2025

        ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်တွင်မိုးစပါးစိုက်ဧက(၂၅၃၃၈၉၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ ပဲအမျိုးမျိုး၊ အစေ့ထုတ်ပြောင်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြပါသည်။ ၂၀၂၅ခုနှစ်တွင် ဟင်္သာတခရိုင်၌ နွေစပါးစိုက်ဧက(၅၉၁၉)ဧက စိုက်ပျိုးရန်လျာထားပြီး၊ လေးမျက်နှာမြို့နယ် တွင် (၁၇၅၃)ဧက လျာထားကာ (၁၆၈၂)ဧကစိုက်ပျိုးပြီးစီးကြောင်း၊ နွေစပါးမျိုးအနေဖြင့်  ထိုင်းရက် (၉၀)၊ နယူးဧရာ(၁)၊ GW 11 စသော စပါးမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။

Pages