ကုန်သွယ်မှုသတင်းများ

Powered by Drupal
12 Nov 2024

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အလားအလာကောင်းသော သီးနှံများဖြစ်သည့် ဒူးရင်းသီး၊ သီဟိုဠ်စေ့နှင့် ပီလောပီနံစိုက်ပျိုးရေးတို့၌ ရင်းနှီးမြှုပ်နှံရန်အတွက် တရုတ်ကုမ္ပဏီများကို တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်မြို့တွင် နိုင်ဝင်ဘာလ ၆ရက်နေ့မှ ၇ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော 8th Greater Mekong Subregion (GMS) ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်သည် ကမ္ဘောဒီးယားစိုက်ပျိုးရေး၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် တရုတ်ကုမ္ပဏီကြီး (၃) ခုမ

12 Nov 2024

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် Svay Rieng ပြည်နယ်ရှိ တရုတ်ကားတာယာထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီ Sailum Group အား ပြည်တွင်းရော်ဘာကို ပြည်ပသို့တင်ပို့ရန် အဆင်သင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ရန်အတွက် စက်မှုဇုန်တည်ဆောက်ရေးစီမံကိန်းတစ်ခုကို တည်ဆောက်ခွင့်ပြုခဲ့သည်။ Sailum Group ၏ဥက္ကဋ္ဌ Yuan Zhongxue မှ ကိုယ်စာလှယ်အဖွဲ့အား ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် 8th Greater Mekong Subregion (GMS) ထိပ်သီးအစည်းအဝေးတွင် အဆိုပါစီမံကိန်းအား တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဆွေးနွေး

12 Nov 2024

             မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကောက်စောစပါးပေါ်ချိန်၌ သဘာဝဘေးနှင့်ရာသီဥတုကြောင့် ပျက်စီးမှုများပြားခဲ့ကြောင်းသိရသည်။ ရေအတက်ကြမ်းသောနေရာများတွင် တံမံပြိုကျပြီး လယ်ကွက်ထဲ့သို့ရေငံများဝင်ရောက်ပြီး ရေပြန်ကျချိန်တွင် နုန်းများကျန်ခဲ့သဖြင့် စပါးစေ့များအမဲရောင်ဖြစ်သွားသောကြောင့် ရောင်းချရန်မဖြစ်နိုင်တော့ကြောင်း လယ်သမားတစ်ဦးထံမှ သိရသည်။

11 Nov 2024

တရုတ်ကုမ္ပဏီ (၃) ခုဖြစ်သည့် Fortune Rich Trade C0.,Ltd၊Ju Wang Footwear Co.,Ltd နှင့် Shandong (Cambodia) Economic and Technology Development Zone and Guoxing Group တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးချဲ့ရန် စီစဉ်လျက်ရှိသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet အား နိုဝင်ဘာလ (၆) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းတွင် အစည်းအဝေးတက်ရောက်စဉ်အတွင်း ကုမ္ပဏီ (၃) ခု၏ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့မည့်အစီအစဉ်များကို အလေးပေးပြောကြားခဲ့သည်။

11 Nov 2024

၂၀၂၄ခုနှစ်၏ ပထမ (၁၀) လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၅၀၇,၀၂၉မတ်ထရစ်တန်အား နိုင်ငံပေါင်း (၆၆) နိုင်ငံသို့တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၇၆.၆၃ သန်းရရှိခဲ့ကြောင်း ၇-၁၁-၂၀၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ ထုတ်ပြန်ချက်အရသိရသည်။ CRF မှ ကမ္ဘောဒီးယားနိုင်ငံသည် ဥရောပနိုင်ငံ (၂၆) နိုင်ငံသို့ ဆန်တန်ချိန် ၂၅၄,၉၄၅မတ်ထရစ်တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉၆.၉၃ သန်း၊ ဟောင်ကောင်၊ မကာအိုနှင့် တရုတ်နိုင်ငံများသို့ ဆန်တန်ချိန် ၉၃,၁၉၇မတ်ထရစ်တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ

Pages