ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Nov 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

12 Nov 2024

     ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းများနှင့် တောင်ယာများတွင် သီးပင်၊စားပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိရာ  စိမ်းစားဥပင် များကိုလည်း စိုက်ပျိုးထားပါသည်။  စိမ်းစားဥပင်များကို ဆောင်းရာသီတွင် နုံးမြေရှိသော အရပ်ဒေသတိုင်း၌ စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးသည့်အခါ မြေကြီးကို ကောင်းစွာညက်လာစေရန် ထွန်ယက်ပြီး ထယ်ကြောင်းပေး၍ အစေ့များကို ခပ်ထူထူစိုက်ပျိုးရသည်။  ဥများ ကောင်းစွာကြီးထွားရန်အတွက် ၅ လမှ ၆လ အထိကြာပြီး အပင်အို၍ ညှိုး

12 Nov 2024

    တနင်္သာရီတိုင်းဒေသကြီးမှ နိုဝင်ဘာလ ပထမပတ်အတွင်း ကွမ်းသီးတင်ပို့မှုမှာ ထားဝယ်ခရိုင်မှ (၃၅၄၆၀၅)ပိဿာ တန်အားဖြင့်(၅၇၉.၀၅၁)ရှိပြီး၊ မြိတ်ခရိုင်မှ (၃၉၄၄၂၀) ပိဿာ တန်အားဖြင့်(၅၄၅၆၄.၂၄၀)ရှိပြီး၊ ကော့သောင်းခရိုင်မှ တင်ပို့မှုမရှိသေးကြောင်း သိရပါသည်။ ယခု တစ်ပတ်အတွင်း ထားဝယ်ခရိုင်တွင် ကွမ်းသီးခွဲခြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ရှိပြီး၊ မြိတ်ခရိုင် တွင် (၅၀၀၀ မှ ၆၀၀၀)ကျပ်ရှိပါသည်။  ကွမ်းအလုံးခြေက်တစ်ပိဿာလျှင်(၉၅၀၀ မှ၁၀၀၀၀) ကျပ်ရှိသဖြင့် တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်

12 Nov 2024

     ရုံးပတီသီးသည် လူတိုင်းကြိုက်နှစ်သက်၍ ခန္ဓာကိုယ်အတွက် အလွန် ဆေးဖက်ဝင်သော အသီးတစ်မျိုးဖြစ်သည်။ ရုံးပတီသီးပင်ကို မိုးရာသီတွင် စတင်စိုက်ပျိုးကျပြီး (၄၅)ရက်အကြာတွင် ခူးဆွတ်ရောင်းချကြပါသည်။  ရုံးပတီသီးသည် အေးသောဂုဏ်သတ္တိရှိ၍ အစာအိမ်ရောင်ခြင်း၊ ကင်ဆာရောဂါ၊ သွေးအားနည်းခြင်း၊ အစာမကြေဖြစ်ခြင်းနှင့် အားကစားလူငယ်များ စားပေးသင့်ပါသည်။  အသဲ၊ကျောက်ကပ်၊ဒူးနာ၊ ခါးနားနှင့် ကိုယ်ခံအားကောင်းမွန်စေပြီး ဝမ်းလျှော၊ဝမ်းပျက်ခြင်းများကိုလည်း ကာကွယ်ပေးပါသည်။

12 Nov 2024

    ဘူးပင်ကို အထက်မြန်မာပြည်တွင် မေလနှင့် ဇွန်လ မိုးတွင်းပိုင်းအတွင်း စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင် ဆောင်းတွင်းပိုင်း အောက်တိုဘာလတွင် အများဆုံးစိုက်ပျိုးပါသည်။ စိုက်ပျိုး ရာတွင် စင်တင်စိုက်ပျိုးခြင်းနှင့် မြေပြင်ကျင်းဖွဲ့ စိုက်ပျိုးခြင်းဟူ၍နှစ်မျိုးရှိသည့်အနက် တနင်္သာရီတိုင်းတွင် စင်တင်စိုက်ပျိုးခြင်းကိုသာ အသုံးပြုကြသည်။ စင်တင်စိုက်ပျိုးပါက စိုက်ဘောင် ပြုလုပ်ရာတွင် အလျား(၅)ပေ၊ အနံ(၃)ပေ အမြင့်(၁)ပေခန့် ဘောင်ပြုလုပ်ပြီး ဘူးစေ့များကို တစ်ကျင်းနှင့် တစ်ကျင်း (၁)ပေခွဲခြား၍

Pages