ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Nov 2024

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ကုန်စိမ်းသီးနှံဈေးကွက်သို့ စားဖိုဆောင်သီးနှံဖြစ်သည့် အာလူးကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အာလူးကို ဆင်ဖြူကျွန်းမြို့မှ စိုက်ပျိုးထွက်ရှိသော်လည်း အာလူးထွက်ပေါ်ချိန်မဟုတ်သည့်အတွက် အခြားဒေသထွက်အာလူးများကိုသာ ဈေးကွက်အတွင်း ရောင်းချကြောင်းသိရသည်။

14 Nov 2024

                 ဖိလစ်ပိုင်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုသည် စက်တင်ဘာလအတွင်းသုံးပုံတစ်ပုံအောက် အနည်းငယ်တိုးလာခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တွင် တိုးတက်မှုနှုန်းအမြင့်ဆုံးအဖြစ်ဦးဆောင်လျှက်ရှိသည်။ Asean Automotive Federation (AAF) ၏ ၁၁-၆-၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့) က ထုတ်ပြန်သောအချက်အလက်များအရ စက်တင်ဘာလအတွင်း ပြည်တွင်း၌ ကားအစီးရေ ၁၀၅၅၄ စီးထုတ်လုပ်ခဲ့ကြောင်းသိရသည်။ ၎င်းသည် ၂၀၂၃ ခုနှစ် အလားတူကာလအတွင်း ထုတ်လုပ်ခဲ့သောအစီးရေ ၈၃၀၃ စီးနှင့်နှိုင်းယှဉ်ပါက ၂၇.၃ ရာခိုင်န

14 Nov 2024

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ လယ်ယား၊ ပေါက်တော၊ ကိုးပင်ကွေ့ကျေးရွာများတွင် သီးနှံမျိုးစုံကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးဖြူကို စိုက်ဧက (၁၂၀)ခန့်စိုက်ပျိုးထားကြောင်းသိရသည်။

14 Nov 2024

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ စစ်တလင်းအုပ်စု၊ ကွင်းကျေးရွာသည် နှမ်း၊ မြေပဲ၊ ပြောင်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံ စသည့်သီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီကို ဥစိုက်နှင့် ပင်စိုက်ဟူ၍စိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင် ကြက်သွန်နီ(ဥစိုက်) စိုက်ဧက (၁၀၀)ခန့်စိုက်ပျိုးထားကြောင်းသိရသည်။

14 Nov 2024

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ အောင်ချမ်းသာ၊ သဖန်းကုန်း၊ လင်းလည် စသည့်ကျေးရွာများတွင် ပဲတီစိမ်းသီးနှံစိုက်ဧက ၂၀၀ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။

Pages