ကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Jerry Sambuaga က ဌာနသည် အင်ဒိုနီးရှားထုတ်ကုန်များအား ပြည်ပသို့ဈေးကွက်တိုးချဲ့မှုအရှိန်မြှင့်တင်ရန် စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်။ Sambuaga က တင်ပို့ကုန်များသည် အင်ဒိုနီးရှားစီးပွားရေးကြီးထွားမှုတွင် အပေါင်းလက္ခဏာဆောင်စွာပါဝင်နေကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ၎င်းတို့၏ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်မည့်ကိစ္စနှင့်ပတ်သက်၍ အကောင်းမြင်သင့်ကြောင်း ၁-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် ကမ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ထင်း/ မီးသွေးအစားထိုး စပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်းကို ရန်ကုန်-ဟင်္သာတ ကားလမ်းဘေး၊ အမှတ် (၁၇)ရပ်ကွက် မိဘဂုဏ်ရည်ဆန်စက်၌ ၂၀၂၀ခုနှစ်ကတည်းက လုပ်ငန်းစတင်ပြီး လောင်စာတောင့်ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်အသီးသီးမှ ဆန်နှင့် ဆန်ကွဲကြိတ်ခွဲထွက်ရှိပြီး အခြားဒေသများသို့ (စီးထွက်)လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးများမှ ရန်ကုန်သို့ ဆန်စီးထွက်မှုမှာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁လတွင်း မအူပင်မြို့နယ်မှ ဆန်အတင် (၄၀၇၅)အိတ်၊ ပန်းတနော်မြို့နယ်မှ ဆန် (၁၀၃၂၄)အိတ်၊ ညောင်တုန်းမြို့နယ်မှ (၅၃၈၁၉)အိတ်၊ ဓနုဖြူမြို့နယ်မှ (၁၄၉၀၆)အိတ်၊ အခြားသော ဧရာဝတီတိုင်းတွင်းမြို့နယ်များမှ ဆန်တင်ပို့မှု (၂၆၁၅၂၈)အိတ်၊ စုစုပေါင်းဆန်အိတ် (၃၄၄၆၅၂) အိတ်ဖြစ်ပြီး ပျမ်းမျှ တန်အားဖြင့် ၁၇၂၃၂.၆ တန

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြန်မာ့လက်မှုပစ္စည်း ထန်းလျှော်နှင့် ဝါးနှီးထွက်ပစ္စည်းများ ရောင်းချလျက်ရှိရာ ဈေးနှုန်းဈေးကွက်အခြေအနေများ သိရှိနိုင်ရန် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် ဈေးဆိုင်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာဆိုလျှင် မြင်းခြံခရိုင်၏ ဆောင်းကြက်သွန်နီမှာ အကြီးစတစ်ပိဿာလျှင် (၃၆၀၀)ကျပ်မှ(၄၂၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၉၀၀)ကျပ်မှ (၃၄၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင်(၂၆၀၀)ကျပ်မှ(၃၀၀၀)ကျပ်ဖြင့် အမျိုးအစားလိုက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်တစ်ပတ်တွင် ဆောင်းကြက်သွန်နီ အကြီးစတစ်ပိဿာလျှင် (၃၅၀၀)ကျပ်မှ(၄၀၀၀) ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၈၀၀)ကျပ်မှ(၃၃၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင်(၂၅၀၀) ကျပ်မှ(၂၇၀၀)ကျပ်များဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်တွင်
