ကုန်သွယ်မှုသတင်းများ
မှိုသည်အများအားဖြင့် ပူနွေးသောရာသီဥတုမှ စိုစွတ်ထိုင်းမှိုင်းသောမိုးဥတုသို့အကူးတွင် သစ်ပင်၊ ဝါးပင်၊ တောင်ပို့ ၊ ခြုံနွယ်နှင့် အခြားစိုစွတ်သောမြေအချို့တွင် ပေါက်ရောက်တတ်ပါသည်။ ရာသီစာဖြစ်သော မှိုအုံးနက်များကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရှိကျေးရွာများတွင် အများဆုံးထွက်ရှိပြီး ဒေသခံများသည် ရရှိသောမှိုများကို မှိုဝယ်ဒိုင်များသို့လာရောက်ရောင်းချလျက်ရှိပါသည်။ မှိုတွင်စားသင့်သောမှိုနှင့် မစားသင့်သောမှိုဟူ၍ နှစ်မျိူးရှိပါသည်။စားသင့်သောမှိုများမှာ ကောက်ရိုးမ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိဩဇာသီးများကို ကျွန်းကုန်းကြီး ကျေးရွာ၊ ရွာသာကုန်းကျေးရွာနှင့် နှစ်ရွာကျေးရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။
အောက်တိုဘာလတစ်လတည်းတွင် ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် အမေရိကန်ဒေါ်လာ ၂၂၆သန်းတန်ကြေးရှိသည့် စီမံကိန်း ၃၁ခုကိုအတည်ပြုခဲ့ပြီး ပြည်တွင်းမှ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၆၀၀၀ ဖန်တီးပေးနိုင်မည်ဟုသိရပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၀ခုသည် အထူးစီးပွားရေးဇုန်များ (SEZs) တွင်တည်ရှိပြီး ကျန် ၂၁ခုမှာ SEZs ပြင်ပတွင်ရှိကြောင်း CDC က ၅-၁၁-၂၀၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတွင် အခြေခံအဆောက်အအုံနှင့် အဝတ

ဘရာဇီးနိုင်ငံ၏ ပုံမှန်မဟုတ်သော ခြောက်သွေ့သောအခြေအနေများကြောင့် နိုင်ငံ့ကော်ဖီထုတ်လုပ်မှုရပ်တန့်သွားမည်ကို စိုးရိမ်မှုများကြောင့် အင်္ဂါနေ့တွင် ကော်ဖီဈေးနှုန်းများ အတန်အသင့်မြင့်တက်ခဲ့သည်။ Somar Meteorologia ၏ တနင်္လာနေ့ဖော်ပြချက်အရ ဘရာဇီးနိုင်ငံ၏ အကြီးဆုံးအာရေဗီကာကော်ဖီစိုက်ပျိုးသော Minas Gerais တွင် မိုးရေချိန် ၂၇.၄ မီလီမီတာသာရွာသွန်းခဲ့ကြောင်းသိရသည်။ Minas Gerais သည် ဘရာဇီးနိုင်ငံ၏ အကြီးဆုံးအာရေဗီကာ ကော်ဖီထုတ်လုပ်သည့် နေရာဖြစ်ပြီး မိုးခေါင်မှုများကြောင့် ၂၀၂၅-၂၀၂၆ အာရေဗီကာကော်ဖ သီ

အိန္ဒိယ JSW Steel နှင့် Posco တို့သည် လာမည့်နှစ်များအတွင်း အိန္ဒိယနိုင်ငံရှိ ၎င်းတို့၏အဆိုပြုစက်ရုံတွင် ရူပီးဘီလီယံ ၆၅၀ (ဒေါ်လာ ၇.၇၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း သတင်းအရင်းအမြစ်များကပြောကြားခဲ့သည်။ ပြီးခဲ့သည့်အပတ်က JSW Steel နှင့် Posco တို့သည် တစ်နှစ်လျှင် ကနဦး မတ်ထရစ်တန်ချိန် ၅သန်းထုတ်လုပ်နိုင်သည့် ပေါင်းဖက်သံမဏိစက်ရုံတည်ထောင်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစက်ရုံသည် သံသတ္ထုရိုင်းများအထွက်များသော အရှေ့ပိုင်း Odisha ပြည်နယ်တွင် တည်ရှိမည်ဖြစ်သည်။ သဘောတူညီချက်အရ ဘဏ
