ကုန်သွယ်မှုသတင်းများ
သီးနှံရိတ်သိမ်းပြီးချိန်တွင် ရိုးပြတ်မီးရှို့မှုပြုလေ့ရှိသည့် စိုက်ခင်းများထံမှ ပြောင်းသီးနှံကို ဝယ်ယူမှု မပြုခြင်းဖြင့် PM2.5 အဆင့် ဖုန်မှုန့်များကြောင့် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်း မည့် အစိုးရ၏အစီအစဉ်များ၌ ပူးပေါင်းဆောင်ရွက်ရန် ထိုင်းနိုင်ငံရှိ တိရစ္ဆာန်အစာနှင့် မွေးမြူရေး လုပ်ငန်းနယ်ပယ်မှ လုပ်ငန်းရှင်များက သဘောတူညီခဲ့ကြသည်။
ထိုင်းနိုင်ငံ၌ စားသုံးဆီထုတ်လုပ်သူများအနေဖြင့် လက်လီဈေးနှုန်းများကို မြှင့်တင်ခြင်းမပြု လုပ်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တိုက်တွန်းပြောကြားထားကြောင်း သိရှိရပါသည်။

တောင်ငူမြို့တွင် အာလူးဈေးနှုန်းမှာ ယခင်အောက်တိုဘာလအစောပိုင်းခန့်က တစ်ပိဿာလျှင် အသေး ၃၅၀၀ကျပ်၊ အလတ် ၄၀၀၀ကျပ်နှင့် အကြီး ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုနိုဝင်ဘာလ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် အသေး ၄၀၀၀ကျပ်၊ အလတ် ၄၅၀၀ကျပ်နှင့် အကြီး ၅၇၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၇၀၀ကျပ်အထိဈေးမြင့်တက်လာပါသည်။

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ရွှေဖရုံသီးများစိုက်ပျိုးထားရှိသဖြင့် ဈေးနှုန်းဈေးကွက်အခြေအနေနှင့် အကျိုးအမြတ်ရရှိမှုအားသိရှိနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၄-၁၁-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးဧကမှာ (၁၅၃၆၁၀)ဧကဖြစ်ပါသည်။ ယခုအခါ ပုလဲ၊ ကံမြင့်၊ ပျဉ်းမကန်၊ ရဲနွဲ၊ အိဿယျ၊ သုံးခွအနောက်၊ စပါယ်ချောင်၊ ကြုံကြိတ်၊ ဆယ်ရွာ၊ သဒပ္ဗန၊ ဘုရားကြီး၊ ကျားဘို၊ ပတုပ်၊ ပုဂံတောင် စသည့် ကျေးရွာအုပ်စု(၆၄)အုပ်စုတွင် စိုက်ပျိုးထားသော မိုးစပါးများအား ရိတ်သိမ်းနေပြီဖြစ် ကြောင်း ယနေ့အထိ မိုးစပါးရိတ်သိမ်းမှုမှာ (၇၇၈၈၀)ဧကဖြစ်၍ တစ်ဧကပျမ်းမျှအတွက်နှုန်းအနေဖြင့် (၇၃.၁၂)တင်းဖြစ်ကြောင်း၊ ယခင်နှစ်တွင် မိုးစပါးစိုက်ပျို
