မြင်းခြံမြို့၏ကောက်ညှင်းကျည်‌တောက်ဈေးနှုန်း

Powered by Drupal

         ကောက်ညှင်းကျည်တောက်သည် မြန်မာ့ရိုးရာအစား အစာတစ်မျိုးဖြစ်ပြီး၊ ဝါးစိမ်းထဲတွင် ကောက်ညှင်း(အဖြူနှင့်ငချိတ်)ဆန်တို့နှင့်အတူ ဆား၊ အုန်းသီးတို့အား တင်းဝါးတွင် ထည့်ကာ မီးဖုတ်၍ ပြုလုပ်ထား‌သော စားစရာတစ်ခုဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ မြင်းခြံမြို့၊ အေးမြသီတာ ဈေးတွင် ရောင်းချနေသော ကောက်ညှင်းကြည်တောက် တစ်ချောင်းလျှင် (၃၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်‌ ရောင်းချကြောင်း၊ ရာသီစာ ကောက်ညှင်းကျည်တောက်များကို လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်းနှင့် တွဲဖက်စားသောက်လေ့ရှိပြီး ဈေးကွက်၌ အရောင်းအဝယ် သွက်လျက် ရှိကြောင်း၊ ‌နေ့စဉ်ကောက်ညှင်းကျည်တောက် (၃၀-၅၀)ချောင်းခန့် ရောင်းချရကြောင်း၊ မြင်းခြံမြို့နယ်အတွင်းရာင်းချသော ကောက်ညှင်းကျည်တောက်များကို ပခုက္ကူမြို့တို့မှ မှာယူ‌ရောင်း ချကြောင်းသိရှိရသည်။

DOCA(မန္တလေး)