ကုန်သွယ်မှုသတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် မိုးစပါးလျာထားစိုက်ဧက (၈၈၀၉၉)ဧကအား ဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိခဲ့ရပြီး ယခုအချိန်တွင် လယ်ယာမြေများ စတင်ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ ဂျုံတင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ၅၇% ကျဆင်းခဲ့ပြီး ပြောင်းဝယ်ယူမှုမှာ ၈၁% ကျဆင်းခဲ့ကြောင်းသိရသည်။ ၎င်းသည် ကမ္ဘောပေါ်ရှိ ဒုတိယမြောက် ဂျုံနှင့်ပြောင်းအများဆုံးတင်သွင်းသော နိုင်ငံတစ်နိုင်ငံအတွက် နှစ်လဆက်တိုက် ရောင်းအားကျဆင်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်စိုက်ပျိုးရေးဌာနသည် ၂၀၂၄-၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ဂျုံတန်ချိန် ၁၂သန်းနှင့် ပြောင်းတန်ချိန် ၁၉သန်းတင်သွင်းခဲ့ကြောင်း အမှတ်အသားပြုခဲ့သည်။ ၂၀၂၃-၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံ၏ အကြီးဆုံးဂျုံဈေးကွက်ဖြစ်ပြီး ကနေဒ

ယခုနှစ် အောက်တိုဘာလတွင် ဗီယက်နမ်သည် ဆန်တန်ချိန် ၈၀၀၀၀၀ တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၀၅သန်းရရှိခဲ့သည့်အတွက် ယခုနှစ် ပထမဆယ်လတာကာလတွင် နိုင်ငံ၏ စုစုပေါင်းဆန်တင်ပို့မှုမှာ တန်ချိန် ၇.၈ သန်းရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၈၆ ဘီလီယံရရှိခဲ့ပြီဖြစ်ကြောင်းသိရပါသည်။ ထိုဆယ်လတာကာလတွင် ပျမ်းမျှဆန်တင်ပို့သည့်ဈေးနှုန်းမှာ ခန့်မှန်းတစ်တန်ကို ၆၂၆.၂ အမေရိကန်ဒေါ်လာရှိပြီး တင်ပို့မှုကြီးထွားလာခြင်းနှင့် ပြည်တွင်းထုတ်လုပ်နိုင်စွမ်းကြောင့် ယခုနှစ် ဆန်တင်ပို့မှုသည် ၂၀၂၃ခုနှစ်ကတင်ထားသည့် ဆန်တန်ချ

ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာဂျပန်သံရုံး (EOJ) တို့သည် ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍများတွင် လူစွမ်းအင်အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ခြင်းဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားဒစ်းဂျစ်တယ်နည်းပညာအကယ်ဒမီ (CADT) ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ MPTC မှတာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာဂျပန်သံရုံး (EOJ) ၊ ဂျပန်ပြည်တွင်းရေးရာနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (MIC)၊

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မြို့နယ်၌ မိုးစပါး စိုက်ဧက (၉၈၉၉၃) နှစ်စဉ်စိုက်ပျိုးကြောင်းသိရပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး အောက်တိုဘာလ တတိယပတ် (၁၈)ရက်နေ့တွင် စတင်ရိတ်သိမ်းနေကြပြီး အထွက်နှုန်းကောင်း၍ အရောင်းအဝယ်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
