ကုန်သွယ်မှုသတင်းများ
ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ပံ့ပိုးကူညီမှုသည် ၂၀၁၃ခုနှစ်တွင် ဒေါ်လာ ၂၅ဘီလီယံမှ ၈၅ရာခိုင်နှုန်းလျော့ကျသွားခဲ့ပြီး ၂၀၂၃ခုနှစ်တွင် ဒေါ်လာ ၃.၅ ဘီလီယံအထိလျော့ကျသွားခဲ့ကြောင်း တနင်္လာနေ့တွင် တရားဝင်မှတ်ချက်တစ်ခုအရသိရသည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏အစီရင်ခံစာအရ လက်လီဈေးနှုန်းများ၊ အခွန်ဈေးနှုန်းများနှင့် ရွေးချယ်ထားသော ရေနံထွက်ကုန်များအတွက် ထောက်ပံ့မှုများအပါအဝင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဘဏ္ဍာရေးထောက်ပံ့မှုများကို ၈၅ရာခိုင်နှုန်းအထိလျှော့ချခဲ့ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။ ၂၀၁၄

ကျောက်ဆည်ခရိုင်တွင် ငှက်ပျောများစတင်ရိတ်သိမ်းလျှက်ရှိပြီး ခရိုင်အတွင်း ငှက်ပျောစိုက် ဧက(၃၁၁၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ် တွင် (၁၂၈၂)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၇၅၀) ဧက၊မြစ်သားမြို့နယ်တွင် (၁၀၈၁)ဧက စိုက်ပျိုးထားရှိပြီး နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ ကျောက်ဆည်မြို့နယ် တွင် (၇၄၀)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၅၂၅) ဧက၊မြစ်သားမြို့နယ်တွင် (၃၄၀)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ အများဆုံးစိုက်ပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်းစိုက်ပျိုးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၈၀)ကျပ်၊ ဥလတ်တစ်လုံးလျှင် (၄၅၀)ကျပ်၊ ဥသေးတစ်လုံးလျှင် (၄၂၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင် (၆၅၀)ကျပ်၊ ဥသေးတစ်လုံးလျှင် (၆၀၀)ကျပ်၊ ငုံးဥ(၉)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝ

တောင်ငူမြို့တွင် အာလူးမှာ ယခင်အောက်တိုဘာလက တစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်နှင့် အကြီး ၇၀၀၀ ကျပ်ရှိရာမှ ယခုနိုဝင်ဘာပထမအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၆၅၀၀ ကျပ်နှင့် အကြီး ၈၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် အထိ ဈေးမြင့်တက်ပါသည်။
