နတ်တော်လဆန်းရှိ မန္တလေးပန်းငရုတ်သီးပွစျေး

Powered by Drupal

                 ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများဝင်ရောက်လျက်ရှိပြီး၊နတ်တော်လဆန်းတွင် စျေးငြိမ်နေ ကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းငရုတ်ပွများကို အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ ခရမ်းရောင်၊မရမ်းရောင်နှင့်လိမေ္မာ်ရောင်တို့တွေ့ရှိရပြီး၊အလေးချိန်ဖြင့်ရောင်းချခြင်းနှင့်အလုံး အရွယ်အစားအလိုက် ရောင်းချခြင်းဟူ၍ နှစ်မျိုးတွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာ စျေး နှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်းဖြစ်ပေါ်သည့် ငရုတ်သီးပွစျေးနှုန်းများမှာ  ၁ပိဿာလျှင် လက္ကားစျေး ၅၅၀၀ကျပ်နှင့် ၆၀၀၀ ကျပ်၊ လက်လီစျေး  ၇၅၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊ ပန်းငရုတ်ပွ တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချ လျက်ရှိပြီး၊ နိုဝင်ဘာလဒုတိယပတ်စျေးနှင့်နှိုင်းယှဉ်ပါက ပေါက်စျေးကွာခြားမှု မရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)