
ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ဘိုစားပဲသီးကုန်စိမ်းများ ဝင်ရောက်မှုအနည်းငယ်လျော့ကျလျက်ရှိပြီး၊ပါက်စျေးအနည်း ငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်း ဝင်ရောက်လျှက်ရှိသည့် ဘိုစားပဲသီး တောင့်များအား အစိမ်းရောင်နှင့် ခရမ်းရောင်ပဲသီးတောင်များတွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာ လာစျေးနှင့် ၄၁လမ်းစျေးရှိကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်နေသည့် ဘိုစားပဲသီးတောင့်စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၅၀၀၀ ကျပ် နှင့် ၆၅၀၀ကျပ်၊လက်လီစျေး၇၀၀၀ကျပ်နှင့်၈၀၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာကုန်စည်အမျိုးအစား အလိုက် (Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
