
ကုန်စိမ်းစျေးကွက်သို့ ပြင်ဦးလွင်ဒေသထွက်ကညွှတ် ကုန်စိမ်းများဝင်ရောက်မှုနည်းသည့် အတွက်စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ ကညွတ်မှာကျန်းမာရေးအစားအစာ အဖြစ်စားသုံးလျက်ရှိပြီး၊ ထမင်းမြိန်သည့်အစားအစာအဖြစ် စားသုံးလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့်ကုန်စိမ်းများဝင်ရောက်မှုများပြားလျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်း စျေးကွက်တွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်ကညွတ် စျေးနှုန်း များမှာ ၁ပိဿာလျှင် လက္ကားစျေး ၁၂၀၀၀ ကျပ်နှင့် ၁၄၀၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀၀ ကျပ် နှင့်၁၇၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ထနောင်းပင်စျေးရှိ စျေးသည်တစ်ဦး၏ပြော ပြချက်အရ သိရှိရပါသည်။
DOCA (မန္တလေး)
