
ယခုအပတ် နိုဝင်ဘာလပိုင်းတွင် ရှမ်းတောင်ဒေသထွက် ကုန်စိမ်းဈေးနှုန်းများ အတက်အကျ ပုံမှန်မဟုတ်ပဲ ဈေးနှုန်းကစားလျက်ရှိပါသည်။ ဂေါ်ဖီဈေးနှုန်းမှာ၉၀၀ ကျပ်မှ ၁၃၀၀ ကျပ်ခန့် အကျဖက် ဖြစ်လာ၍ ပန်းမုံလာမှာယခင်လ ၁၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်ခန့်ရှိပြီး ယခုလတွင် ၁၀၀၀ကျပ်မှ ၁၃၀၀ ကျပ်ထိ ဈေးကျလာပါသည်။မုန်ညှင်းရွက်ဈေးနှုန်းမှာ ၁၃၀၀ ကျပ်မှ ၁၇၀၀ ကျပ် ထိ ဈေးတက်လာသည်။ ခရမ်းချဉ်သီးဈေးနှုန်းမှာ ယခင်လ၈၀၀ ကျပ်မှ ၁၃၀၀ ကျပ်ခန့် ထိရှိသော်လည်း ယခုလမှာ ၁၃၀၀ ကျပ် မှ ၁၅၀၀ ကျပ် ထိဈေးတက်လာသည်။ မုန်လာဥနီဈေးနှုန်းမှာ ၃၅၀၀ ကျပ်မှ ၄၀၀၀ ခန့် ဈေးငြိမ်နေပြီး ဘိုစားပဲ ယခင်လ ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ခန့် ဈေးကျရာမှ ယခုလ ၅၀၀၀ ကျပ်နှင့်၅၅၀၀ကျပ်ထိ ဈေးမြင့်တက်လာပါသည်။
ပွင့်လင်းရာသီဖြစ်သဖြင့် ရာသီဥတုကောင်းမွန်ခြင်း၊ ကုန်ထုတ်လမ်းများ ကောင်းမွန်လာခြင်းတို့ ကြောင့် ကုန်စည်အဝင်များလာပြီး နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် ကုန်စိမ်းဈေးများ ကျတတ်သော် လည်း ယခုနှစ်အညာဒေသနှင့် မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် ကုန်စိမ်းစိုက်ပျိုးထွက်ရှိမှု နည်းပါးနိုင် သဖြင့် ရှမ်းတောင်ကုန်စိမ်းများ ဈေးနှုန်းခိုင်မာပြီး ဈေးကွက်ဝေစုပိုလာနိုင်ကြောင်း လေ့လာ သုံးသပ် တင်ပြရပေသည်။
DOCA(ရှမ်း)
