
မိတ္ထီလာမြို့ ပေါက်ချောင်းဈေးအတွင်းသို့ အာလူးများဝင်ရောက်လျက်ရှိရာ အာလူးသီးကို ပေါက်ချောင်းဈေးရှိ လက်လီဈေးသည်များအနေဖြင့် မြို့မဈေးကြီးရှိပွဲရုံများမှတစ်ဆင့် ဝယ်ယူရောင်းချကြပါသည်။ အာလူးအကြီးအသေးပေါ်မူတည်၍ တစ်ပိဿာလျင် (၆၅၀၀-၇၀၀၀) ကျပ် ဖြင့်ရောင်းချကြကြောင်း၊ အာလူးစားသုံးခြင်းဖြင့် ကျန်းမာရေးအနေဖြင့် အာဟာရဓာတ် ဗီတာမင်ဘီစစ်ပါဝင်သောကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်ကြောင်း သိရှိရပါသည်။ အာလူးဈေး မှာတက်ဈေးဖြင့်ငြိမ်သည့်အတွက် ရှမ်းပြည်ဘက်မှ အာလူးစိုက်တောင်သူဦးကြီးများ အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ ပေါက်ချောင်းဈေးရှိ အာလူးရောင်းဝယ်သော သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မတင်ပါ)
