ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Nov 2024

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ လယ်ယား၊ ပေါက်တော၊ ကိုးပင်ကွေ့ကျေးရွာများတွင် သီးနှံမျိုးစုံကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးဖြူကို စိုက်ဧက (၁၂၀)ခန့်စိုက်ပျိုးထားကြောင်းသိရသည်။

14 Nov 2024

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ စစ်တလင်းအုပ်စု၊ ကွင်းကျေးရွာသည် နှမ်း၊ မြေပဲ၊ ပြောင်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံ စသည့်သီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီကို ဥစိုက်နှင့် ပင်စိုက်ဟူ၍စိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင် ကြက်သွန်နီ(ဥစိုက်) စိုက်ဧက (၁၀၀)ခန့်စိုက်ပျိုးထားကြောင်းသိရသည်။

14 Nov 2024

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ အောင်ချမ်းသာ၊ သဖန်းကုန်း၊ လင်းလည် စသည့်ကျေးရွာများတွင် ပဲတီစိမ်းသီးနှံစိုက်ဧက ၂၀၀ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။

14 Nov 2024

               စင်္ကာပူနိုင်ငံ Woodland စစ်ဆေးရေးဂိတ်တွင် နှစ်ရက်ကြာပူးပေါင်းဆောင်ရွက်မှုတွင် မလေးရှားနိုင်ငံမှ တရားမဝင်တင်သွင်းလာသော လက်ဆတ်သောပြုပြင်ပြီးသားထုတ်ကုန်တစ်တန်ခန့်အား စင်္ကာပူအာဏာပိုင်များကဖမ်းဆီးရမိခဲ့သည်။ နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက် စစ်ဆေးမှုများပြုလုပ်စဉ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်အာဏာပိုင် (ICA) မှ အရာရှိများသည် ကုန်တင်ကားနှစ်စီးရှိ ကုန်စည်ပို့ဆောင်မှုတွင် ကွဲလွဲမှုများအား သတိပြုမိခဲ့ပြီး ၎င်းတို့အားထပ်မံစစ်ဆေးရန်အတွက် စင်္ကာပူစားနပ်ရိက္ခာအေ

14 Nov 2024

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် မြန်မာနိုိုငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ပေပါ ၁၁၀ပိဿာပါ စားအုန်းဆီ(၈၅)ပေပါကို ယာဥ်မောင်း ဦးအောင်မျိုးဟိန်း ယာဉ်အမှတ် 7J-2781 ISUZU မော်တော်ယာဥ်၊ စားအုန်းဆီ(၅၃)ပေပါကို ယာဥ်မောင်း ဦးကျော်စွာထွန်း၊ ယာဉ်အမှတ် 5L-4447 HINO မော်တော်ယာဥ်တို့ဖြင့်တင်ဆောင်၍ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးဂိတ် ယာဥ်ရပ်နားစခန်း၊ ယာဉ်မောင်း ဦးပြည့်ဖြိုးမောင် ယာ

Pages